Friday, February 27, 2015

ရှမ်းပြည်နယ် လီဆူတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပ



လားရှိုး ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် ခါးသျှိကျေးရွာတွင် ရှမ်းပြည်နယ် လီဆူတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁ဝ နာရီက ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးယောဝိ၊ လီဆူတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်း၊ ဗဟိုဒူးလေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းတို့က လီဆူတိုင်းရင်းသားများ စုပေါင်း နှစ်သစ်ကူးပွဲတော်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် လီဆူတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ၏ သင့်တော်သောနေ့ရက်များတွင် ကျင်းပလျက်ရှိပြီး ယခုဒုတိယအကြိမ်မြောက် လားရှိုးမြို့နယ် ခါးသျှိကျေးရွာ တွင် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။ နှစ်သစ်ကူးပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များမှာ အမြို့မြို့အနယ်နယ်မှ လီဆူတိုင်းရင်းသားတို့၏ အမြင်ချင်းဖလှယ်ရန်၊ နောင်လာနောက်သားများအားလုံးကလည်း ရိုးရာ ဓလေ့များကို စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ရန်၊ မိမိတို့လီဆူတိုင်းရင်းသားများနှင့်အတူ အခြားသောတိုင်းရင်းသားများကို ဖိတ်ခေါ်၍ အမြင်ချင်း ဖလှယ်ပြီး ယဉ်ကျေးမှုချင်းဖလှယ်ခြင်းကို
အဓိကထား၍ တိုင်းရင်းသားအချင်း ချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုရရှိလာ ရန်နှင့် မိမိတို့ လီဆူတိုင်းရင်းသား များအားလုံး မိမိဘာသာကို တတ် မြောက်စေရန်အတွက် လည်းကောင်း၊ ဝတ်စားဆင်ယင်မှုကို စဉ်ဆက်မပြတ် ထိန်းသိမ်းကြရန်၊ မိမိတို့၏ အမျိုးသား ရေးလက္ခဏာများ မပျောက်စေရန်၊ နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော လူမှုရေး ဦးတည်ချက်(၄)ရပ်ကိုအခြေခံ ၍ ဆောင်ရွက်အကောင်အထည်ဖော် သွားရန်တို့ဖြစ်ကြောင်းသိရသည်။
လီဆူတေးသံရှင်တစ်ဦးဖြစ်သူ ဝမ် ညားအားဝူကလည်း ရိုးရာ၏သင်္ကေတ အမှတ်အသား ဒူးလေးနှင့် ဘင်ဂျို၏ အဓိပ္ပာယ်နှင့်ပတ်သက်၍ ဒူးလေးသည် ရှေး ဘိုးဘေးလက်ထက်ကတည်းက အမဲလိုက်ရာတွင် ကိုင်ဆောင်အသုံး ပြုခဲ့ပြီး ဘင်ဂျိုမှာလည်း ပျော်ပွဲ ရွှင်ပွဲများ ပြုလုပ်သောအခါတွင်လည်း ဘင်ဂျိုဖြင့် တီးခတ်ဖျော်ဖြေကြပြီး ရိုးရာတူရိယာပစ္စည်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ ထို့ပြင် ဝါး ပလွေ၊ ဘူးသီးပလွေ၊ မာကိုဟုဆိုသော ကိရိယာများမှာလည်း ရှေးဘိုးစဉ် ဘောင်ဆက် တီထွင်အသုံးပြုခဲ့ကြောင်း နှင့် ရိုးရာကိုလည်းထိန်းသိမ်းသွားပြီးခေတ်မီသောရိုးရာဖြစ်အောင် လုပ်ကိုင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ရှမ်းပြည်နယ် လီဆူတိုင်းရင်းသား များ စုပေါင်းနှစ်သစ်ကူးပွဲတော်သို့ ရှမ်း ပြည်နယ်လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးဦးယောဝိ၊ လီဆူတိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌဦးစိုးဝင်း၊ ဗဟိုဒူးလေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လီဆူးတိုင်းရင်းသားများ၊ ရှမ်းပြည်နယ် တောင်ပိုင်းမှ လီဆူ တိုင်းရင်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များလည်း တက်ရောက် ခဲ့ကြသည်။
ဟန်ဌေး(iprd)

No comments:

Post a Comment