နေပြည်တော် ဖေဖော်ဝါရီ ၂၃
အားကစားမြှင့်တင်ခြင်းနှင့် စွမ်း ဆောင်နိုင်မှုများသည် အမျိုးသားရေး ဂုဏ်သိက္ခာကို မြှင့်တင်ပေးနေသကဲ့ သို့ နိုင်ငံတော်ကို ကာကွယ်စောင့် ရှောက်နေခြင်းလည်း ဖြစ်ကြောင်း၊ အားကစားအောင်မြင်မှုသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအဆင့်အတန်း ရောင်ပြန်ဟပ်စေပြီး လူမျိုး၏ ဂုဏ် သိက္ခာ အဆင့်အတန်းနှင့် ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ညွှန်းနေကြောင်း၊ အလားတူ တပ်မတော်သား အားကစားသမားများ၏ အားကစား အောင်မြင်မှုများသည်လည်း တပ် မတော်၏ ဂုဏ်သိက္ခာနှင့် စွမ်းရည် ထက်မြက်မှုကို ဖော်ညွှန်းပြသလျက် ရှိကြောင်း၊ ထို့အပြင် ကျစ်လျစ်ခိုင်မာ သည့် တပ်တွင်းစည်းလုံးညီညွတ်မှု၊ စိတ်ဓာတ်ခိုင်မာမှု၊ ဇွဲသတ္တိပြည့်ဝမှု၊ စည်းကမ်းကောင်းမွန်မှု၊ ရည်မှန်း ချက် ပြီးမြောက်အောင်ဆောင်ရွက် တတ်မှု၊ စိတ်ဓာတ်နှင့် ဓလေ့စရိုက် ကောင်းများကို ဖော်ညွှန်းနေကြောင်း ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ညနေ ၄ နာရီတွင် နေပြည် တော်ရှိ ဇေယျာသီရိတပ်မတော် အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂ဝ၁၅ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်မိန့်ခွန်း ပြော ကြားစဉ် ထည့်သွင်းပြောကြား သည်။
အဆိုပါအခမ်းအနားသို့ တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့် ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်၊ မိသားစု များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်(၆)ခုမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော်စစ်မှုထမ်း ဟောင်း ကြီးကြပ်ရေးအဖွဲ့ ကွပ်ကဲ မှုအောက်ရှိ မြို့နယ်များမှ စစ်မှု ထမ်းဟောင်း အဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသူများ၊ ပြိုင်ပွဲဝင် အားကစား သမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းအဖွဲ့က ကွင်း အတွင်း ဝင်ရောက်နေရာယူပြီး စစ် ရေးပြမှူးကြီး ဦးဆောင်သော အလံ တော်အဖွဲ့နှင့် အားကစားအသင်း ၁၇ သင်းမှ အားကစားသမားများ နေရာယူကြသည်။
ထို့နောက် ၂ဝ၁၅ ခုနှစ် တပ် မတော်(ကြည်း၊ ရေ၊ လေ) အား ကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ဖွင့်လှစ်ကြောင်းကြေညာပြီး တပ် မတော်အားကစားနှင့် ကာယပညာ အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ စစ်ရေး ချုပ် ဗိုလ်ချုပ်ဆန်းဦးက ဖွင့်ပွဲစာတန်း မိုးပျံပူဖောင်းများကို ဖဲကြိုးဖြတ်၍ လွှတ်တင်သည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ၂ဝ၁၅ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းပြောကြားရာတွင် ''ကျန်းမာ ကြံ့ခိုင်၊ ပြည့်မဏ္ဍိုင်၊ ကြံ့ခိုင်ကိုယ်လက်၊ တိုင်းပြည်အတွက်'' ဆိုသည့် တပ် မတော် ကြံ့ခိုင်ရေးဆောင်ပုဒ်သည် တပ်မတော်က အစဉ်အဆက် လိုက်နာကျင့်သုံးခဲ့သော ဆောင်ပုဒ် ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံ တော်ကာကွယ်ရေးတာဝန်ကို အဓိက ထား ထမ်းဆောင်ရမည့် အဖွဲ့ အစည်းပီပီ နိုင်ငံတော်ကို လက်ရုံး ရည်၊ နှလုံးရည်ပြည့်ဝစွာ ကာကွယ် သွားနိုင်ရေး စဉ်ဆက်မပြတ် လေ့ ကျင့်လျက်ရှိကြောင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ များသည် တပ်မတော်၏ ကိုယ်ကာယ ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေး သာမက တပ်မတော်၏ အဖွဲ့အစည်း စိတ်၊ ရဲဘော်စိတ်နှင့် ပူးပေါင်းဆောင် ရွက်လိုစိတ်များကိုပါ လက်တွေ့ပြသလေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်း။
အဖွဲ့လိုက် အားကစားစွမ်းရည် များ၊ တစ်ဦးချင်း အရည်အသွေးများ လည်း သက်ဆိုင်ရာ အားကစားနည်း များအလိုက် တိုးတက်သည်ထက် တိုးတက်နေအောင် ကြိုးစားနေကြ ရမည်ဖြစ်ကြောင်း၊ စိတ်ဓာတ်၊ စည်း ကမ်း၊ ဇွဲလုံ့လ၊ ဝီရိယအားများနှင့် ကြိုးစားယှဉ်ပြိုင်ကြပြီး တပ်မတော် အားကစားအဆင့်အတန်း မြင့်မား ရေးအတွက် မြှင့်တင်သွားကြရမည် ဖြစ်ကြောင်း၊ ထူးချွန်ထက်မြက်သည့် တပ်မတော်သား အားကစားသမား ဘဝမှ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ လက်ရွေးစင်အားကစားသမားအဆင့် ထိ ရောက်ရှိအောင် ဆက်လက် ကြိုးစားသွားရန်လိုကြောင်း၊ မြန်မာ နိုင်ငံ ဘောလုံးရွှေခေတ်တွင် အရှေ့ တောင်အာရှ အဆင့်မြင့်ဆုံးဖလား ဖြစ်သည့် မာဒေးကားဖလားရခဲ့စဉ်က ဘောလုံးအားကစားသမား ၁၁ ဦး အနက်မှ ရှစ်ဦးသည် တပ်မတော် သားများဖြစ်ကြကြောင်း၊ မြန်မာ့ အားကစားအောင်မြင်မှု သမိုင်း မှတ်တမ်းများကို လေ့လာကြည့်လျှင် မိမိတို့ တပ်မတော်သား အားကစား သမားများ၏ စွမ်းဆောင်နိုင်မှုကို ဂုဏ်ယူဖွယ်ရာ တွေ့ရှိကြမည်ဖြစ် ကြောင်း။
အထူးသဖြင့် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ရင်း ခန္ဓာကိုယ် အစိတ် အပိုင်းများ ပေးဆပ်စွန့်လွှတ်ခဲ့ရသည့် တပ်မတော်သားများသည် နိုင်ငံ တကာ မသန်စွမ်းအားကစားပြိုင်ပွဲ များတွင် ဆုတံဆိပ်ပေါင်းများစွာ ရယူ ပေးခဲ့ပြီး မသန်သော်လည်း စွမ်းကြ သည်ကို ပြသခဲ့ကြကြောင်း၊ ၎င်းသည် တပ်မတော်၏ စိတ်ဓာတ်နှင့် စွမ်းရည်ထက်မြက်မှုများကြောင့်ပင် ဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရသည် အား ကစားကဏ္ဍတိုးတက်လာရေးအတွက် ငွေအား၊ လူအား၊ ပစ္စည်းအား၊ နည်း ပညာအားများဖြင့် ကြိုးပမ်းဆောင် ရွက်ရာတွင် သက်ဆိုင်ရာ အားကစား နည်းအလိုက် အဆောက်အအုံနှင့် နိုင်ငံတကာအဆင့်မီ အားကစား ကွင်းများကို တည်ဆောက်ပေးလျက်ရှိ ကြောင်း၊ အားကစားကို ချစ်မြတ် နိုးသည့် စီးပွားရေးလုပ်ငန်းရှင်များ နှင့် ဝါသနာရှင်များကလည်း နိုင်ငံ တော်နှင့် ပူးပေါင်းပြီး အားပေးမြှင့် တင်ခြင်းလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေကြသည်ကို အားရ ဖွယ် တွေ့မြင်နေကြရပြီဖြစ်ကြောင်း၊ အားကစားမြှင့်တင်ခြင်းတွင် အား ပေးကူညီခြင်းသည်လည်း အထူးလို အပ်ကြောင်း၊ ရဲဘော်တို့အနေဖြင့် တပ်မတော် အားကစားပြိုင်ပွဲများတွင် စွမ်းအားရှိသမျှ ယှဉ်ပြိုင်ကစားခြင်း ဖြင့် ထူးချွန်ထက်မြက် အောင်ပွဲဆက် နိုင်သည့် နိုင်ငံ့လက်ရွေးစင် အား ကစားသမားများ ဖြစ်လာနိုင်သည့် အခွင့်အလမ်းကောင်း မြင်တွေ့နေ ပြီဖြစ်၍ ကြိုးစားယှဉ်ပြိုင်ကစားသွား ကြရန်လိုအပ်ကြောင်း၊ အောင်ပွဲခံ အားကစားသမားတစ်ယောက်ဖြစ်ရန် လိုအပ်သည့် စိတ်ဓာတ်နှင့် စည်း ကမ်းသည် တပ်မတော်သားတိုင်း အတွက် အခြေခံအားဖြင့် ပြည့်ဝ ထားပြီးသား ဖြစ်ကြောင်း၊ တပ် မတော်ဂုဏ်ထူးဆောင် လက်ရွေးစင် အားကစားသမားများမှသည် နိုင်ငံ့ ဂုဏ်ထူးဆောင် လက်ရွေးစင် အားကစားသမားများ ဖြစ်စေရေး တပ်မတော်က လေ့ကျင့်ပေးထား သည့် အခြေခံစိတ်ဓာတ်၊ စည်းကမ်း များနှင့်အညီ ပါဝင်ယှဉ်ပြိုင်သွားကြ ရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အား စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော်အဖွဲ့နှင့် အားကစားအသင်း ၁၇ သင်းတို့က စစ်ကြောင်းပုံဖြင့် ချီတက်အလေး ပြုကြသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တက် ရောက်လာကြသူများက (က)အဆင့် ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲဖြစ် သော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်အသင်း ကိုယ်စားပြု အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။ (မြဝတီ)

No comments:
Post a Comment