Tuesday, February 24, 2015

ထန်းလျှော်ကုန်ကြမ်းရှားပါးမူကြောင့် ထန်းလျှော်အစိုများဖြင့် ထန်းလျှော်တောင်းများ ရက်လုပ်နေရ


Photo: ထန်းလျှော်ကုန်ကြမ်းရှားပါးမူကြောင့် ထန်းလျှော်အစိုများဖြင့်
ထန်းလျှော်တောင်းများ ရက်လုပ်နေရ

တံတားဦး ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့အင်းဝတိုက်နယ်တွင်ထန်းလျှော်ကုန်ကြမ်း ဈေးနှုန်းမြင့်လာခြင်း၊ ထန်းလျှော်ရှားပါးလာခြင်းကြောင့် ထန်းလျှော်ရက်လုပ်သူများအခက်
တွေ့လျက်ရှိကြောင်း ယင်းဒေသရှိ ဘလဲဘကျေးရွာမှ ထန်းလျှော်
တောင်းရက်လုပ်သူများကပြောသည်။

''တစ်ဦးကို တစ်နေ့လျှင် ထန်းလျှော်တောင်း ငါးလုံးမှ
ရှစ်လုံးအထိ ရက်လုပ်နိုင်ပါတယ်။ ထန်းလျှော်တောင်းတွေကို တစ်နှစ်ပတ်လုံးရက်လုပ်ရတယ်။ အများအားဖြင့် တပေါင်းလ
ကနေ ဝါဆိုလအထိ အော်ဒါမှာယူသူများတယ်။ လက်ရှိကာလ
မှာ ထန်းရွက်သုံးစွဲသူနည်းလာပြီး ထန်းပင်လှဲသူများလာတဲ့
အတွက် ထန်းလျှော်ကုန်ကြမ်းရှားလာပြီး ထန်းလျှော်အစို
နဲ့တောင်းရက်နေရတဲ့အတွက် တောင်းတွေ ဈေးတက်နေတာ
ပါ''ဟု ထန်းလျှော်တောင်းရက်လုပ်သူတစ်ဦးက ပြောသည်။

ကျေးလက်ဒေသများ ကုန်စည်သယ်ဆောင်မှုတွင် အသုံးများသောပစ္စည်းမှာ ထန်းလျှော်တောင်းများပင်ဖြစ်ပြီးထန်းလျှော်တောင်းများကို နွားစာသယ်ခြင်း၊ ကောက်ပဲသီးနှံမျိုးစုံသယ်ယူခြင်း၊ ဈေးတောင်းပြုလုပ်ခြင်း၊ သရက်သီးထည့်
ခြင်း၊ နွားချေးကျုံးတောင်းပြုလုပ်ခြင်း၊  မြေတူးကျောက်
သယ်တောင်းများပြုလုပ်ခြင်းမှအစ သယ်ယူပို့ဆောင်မူ
လုပ်ငန်းတွင် ထန်းလျှော်တောင်းကို တွင်ကျယ်စွာအသုံးပြု
ကြသည်။

''ထန်းလျှော်တောင်း ရက်လုပ်တာက မိသားစုလုပ်ငန်းဖြစ်
ပါတယ်။ ထန်းလျှော်သပ်တဲ့လူ၊ တောင်းရက်တဲ့လူဆိုပြီး
လုပ်ငန်းအလိုက် မိသားစုတွေစုပေါင်းလုပ်ဆောင်ကြရပါ
တယ်။ ထန်းလျှော်တောင်းကို မှာယူတဲ့တောင်းအမျိုးအစား
အလိုက် ရက်လုပ်ပေးရပြီး ထန်းလျှော်တောင်းပုံစုံ ခုနစ်
မျိုးလောက် ပြုလုပ်ပေးရပါတယ်။ အများစုက လေးကွင်း
တပ် ဆိုက်လွန်တောင်း၊ နှစ်ကွင်းတပ် သရက်တောင်း၊
တစ်တင်းဝင်တောင်း၊ တစ်တင်းခွဲဝင်တောင်း၊ ကျောက်သယ်
တောင်းမှအစ  အမျိုးမျိုးရက်လုပ်ပေးရပါတယ်''  ဟု
တောင်းရက်လုပ်ငန်းလုပ်ဆောင်နေသည့် မိသားစုဝင်တစ်ဦး
ကပြောသည်။

ထန်းလျှော်တောင်း၏ အဓိကကုန်ကြမ်းမှာ ထန်းပင်မှရ
သော ထန်းလျှော်ဖြစ်ပြီးထန်းလျှော်တောင်း၏လက်ရှိကာလ
ပေါက်ဈေးမှာ ဆိုက်လွန်တောင်းကြီးတစ်တောင်းလျှင်ကျပ်
၂၈ဝဝ၊ လေးကွင်းတပ်တောင်းကြီးတစ်တောင်းလျှင် ကျပ် ၂ဝဝဝမှ၂၅ဝဝ၊ နှစ်ကွင်းတပ်တောင်းလျှင်ကျပ် ၁၈ဝဝမှ ၂ဝဝဝ အထိဈေးပေါက်နေကြောင်း ထန်းလျှော်တောင်းရက်
လုပ်သူတစ်ဦးကပြောပြသည်။   

တိမ်တမန်
တံတားဦး ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့အင်းဝတိုက်နယ်တွင်ထန်းလျှော်ကုန်ကြမ်း ဈေးနှုန်းမြင့်လာခြင်း၊ ထန်းလျှော်ရှားပါးလာခြင်းကြောင့် ထန်းလျှော်ရက်လုပ်သူများအခက်တွေ့လျက်ရှိကြောင်း ယင်းဒေသရှိ ဘလဲဘကျေးရွာမှ ထန်းလျှော်တောင်းရက်လုပ်သူများကပြောသည်။

''တစ်ဦးကို တစ်နေ့လျှင် ထန်းလျှော်တောင်း ငါးလုံးမှရှစ်လုံးအထိ ရက်လုပ်နိုင်ပါတယ်။ ထန်းလျှော်တောင်းတွေကို တစ်နှစ်ပတ်လုံးရက်လုပ်ရတယ်။ အများအားဖြင့် တပေါင်းလကနေ ဝါဆိုလအထိ အော်ဒါမှာယူသူများတယ်။ လက်ရှိကာလမှာ ထန်းရွက်သုံးစွဲသူနည်းလာပြီး ထန်းပင်လှဲသူများလာတဲ့အတွက် ထန်းလျှော်ကုန်ကြမ်းရှားလာပြီး ထန်းလျှော်အစိုနဲ့တောင်းရက်နေရတဲ့အတွက် တောင်းတွေ ဈေးတက်နေတာပါ''ဟု ထန်းလျှော်တောင်းရက်လုပ်သူတစ်ဦးက ပြောသည်။

ကျေးလက်ဒေသများ ကုန်စည်သယ်ဆောင်မှုတွင် အသုံးများသောပစ္စည်းမှာ ထန်းလျှော်တောင်းများပင်ဖြစ်ပြီးထန်းလျှော်တောင်းများကို နွားစာသယ်ခြင်း၊ ကောက်ပဲသီးနှံမျိုးစုံသယ်ယူခြင်း၊ ဈေးတောင်းပြုလုပ်ခြင်း၊ သရက်သီးထည့်ခြင်း၊ နွားချေးကျုံးတောင်းပြုလုပ်ခြင်း၊ မြေတူးကျောက်သယ်တောင်းများပြုလုပ်ခြင်းမှအစ သယ်ယူပို့ဆောင်မူလုပ်ငန်းတွင် ထန်းလျှော်တောင်းကို တွင်ကျယ်စွာအသုံးပြုကြသည်။

''ထန်းလျှော်တောင်း ရက်လုပ်တာက မိသားစုလုပ်ငန်းဖြစ်ပါတယ်။ ထန်းလျှော်သပ်တဲ့လူ၊ တောင်းရက်တဲ့လူဆိုပြီးလုပ်ငန်းအလိုက် မိသားစုတွေစုပေါင်းလုပ်ဆောင်ကြရပါ
တယ်။ ထန်းလျှော်တောင်းကို မှာယူတဲ့တောင်းအမျိုးအစားအလိုက် ရက်လုပ်ပေးရပြီး ထန်းလျှော်တောင်းပုံစုံ ခုနစ်မျိုးလောက် ပြုလုပ်ပေးရပါတယ်။ အများစုက လေးကွင်းတပ် ဆိုက်လွန်တောင်း၊ နှစ်ကွင်းတပ် သရက်တောင်း၊တစ်တင်းဝင်တောင်း၊ တစ်တင်းခွဲဝင်တောင်း၊ ကျောက်သယ်တောင်းမှအစ အမျိုးမျိုးရက်လုပ်ပေးရပါတယ်'' ဟုတောင်းရက်လုပ်ငန်းလုပ်ဆောင်နေသည့် မိသားစုဝင်တစ်ဦးကပြောသည်။

ထန်းလျှော်တောင်း၏ အဓိကကုန်ကြမ်းမှာ ထန်းပင်မှရသော ထန်းလျှော်ဖြစ်ပြီးထန်းလျှော်တောင်း၏လက်ရှိကာလပေါက်ဈေးမှာ ဆိုက်လွန်တောင်းကြီးတစ်တောင်းလျှင်ကျပ်၂၈ဝဝ၊ လေးကွင်းတပ်တောင်းကြီးတစ်တောင်းလျှင် ကျပ် ၂ဝဝဝမှ၂၅ဝဝ၊ နှစ်ကွင်းတပ်တောင်းလျှင်ကျပ် ၁၈ဝဝမှ ၂ဝဝဝ အထိဈေးပေါက်နေကြောင်း ထန်းလျှော်တောင်းရက်လုပ်သူတစ်ဦးကပြောပြသည်။

တိမ်တမန်

No comments:

Post a Comment