နေပြည်တော် ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်ဒေသမှ တိုက်ပွဲများကြောင့် ဒေသအသီးသီးသို့ ရောက်ရှိနေကြသူ ကျောင်းသား ကျောင်းသူများ မိမိရောက်ရှိရာဒေသတွင် အတန်းဆုံးစာမေးပွဲဖြေဆိုနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ စီစဉ်ထားရှိပြီးဖြစ်ရာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(တပ်ကုန်း)တွင် စတုတ္ထတန်း ကျောင်းသားတစ်ဦး၊ အထက(၂) ကော့ကရိတ်တွင် နဝမတန်း ကျောင်းသားတစ်ဦး၊ အမက(၂၃ဝ)ကော့ကရိတ်တွင်ပထမတန်းကျောင်းသား တစ်ဦး၊ အထက (မင်းကုန်း) လှည်းကူးမြို့နယ်တွင် ဆဋ္ဌမတန်းကျောင်းသားနှစ်ဦးနှင့် ပထမတန်းကျောင်းသူ တစ်ဦးတို့အား စာမေးပွဲဖြေဆိုနိုင် ရေးစီစဉ်ဆောင်ရွက်ပေးထားပြီးဖြစ်သည်။
၂ဝ၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုရန်အတွက် လောက်ကိုင်ဒေသ၌ စာရင်းသွင်းထားသူ ၁၁၅ ဦးရှိသည့်အနက် ကွမ်းလုံမြို့တွင် စာစစ်ဌာနအသစ် ဖွင့်လှစ်ပေးပြီးဖြစ်သည့်အပြင် လားရှိုးမြို့နယ်ရှိ စာစစ်ဌာနတွင် ၄၉ ဦး၊ အလက(၉) လှိုင်သာယာစာစစ်ဌာနတွင် တစ်ဦး၊ အထက (မင်းကုန်း) လှည်းကူးမြို့နယ် စာစစ်ဌာနတွင် တစ်ဦး၊ အထက ကျိုက်မရော စာစစ်ဌာနတွင်နှစ်ဦး၊ အလက(၄) မင်္ဂလာဒုံစာစစ်ဌာနတွင် တစ်ဦး ဖြေဆိုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားပြီးဖြစ်သည်။
ကျန်စာဖြေသူများအတွက် မိမိရောက်ရှိအခြေပြုရာ ဒေသရှိ စာစစ်ဌာနများတွင် ဖြေဆိုလိုပါက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများကိုဆက်သွယ်၍ ဖြေဆိုနိုင်ကြောင်းနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရှိ အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ကြောင်းလည်း သိရသည်-
(က) ဦးမျိုးမြင့်အောင်(ဦးစီးအရာရှိ)
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ဇွဲကပင်ဆောင်)
ဖုန်း-ဝ၁-၆၅၃ ၅ဝ၉၊ ဝ၉-၅ဝ၆၁၇၇၆
(ခ) ဒေါက်တာမြတ်စိုးအောင်
(လက်ထောက်ညွှန်ကြားရေးမှူး)
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊
နေပြည်တော်
ဖုန်း-ဝ၆၇-၄၃ဝ၁၆၈၊ ဝ၉-၂၅၆ဝ၈၈၅၂၁
(သတင်းစဉ်)

No comments:
Post a Comment