Wednesday, February 25, 2015

နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို သက်စွန့်ကြိုးပမ်းထမ်းရွက်နေကြသော တပ်မတော်သားများအတွက် အလှူငွေပေးအပ်လှူဒါန်း

Photo: နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို သက်စွန့်ကြိုးပမ်းထမ်းရွက်နေကြသော တပ်မတော်သားများအတွက် အလှူငွေပေးအပ်လှူဒါန်း

နေပြည်တော် ဖေဖော်ဝါရီ ၂၄

လောက်ကိုင်ဒေသတွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းရွက်နေကြသော တပ်မတော်သားများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ကျင်းပရာ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၄)မှ မိသားစုများက အမိနိုင်ငံတော်အတွက် ရွပ်ရွပ်ချွံချွံတာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများနှင့် တိုက်ပွဲအသီးသီးတွင် အသက်ပေးလှူခဲ့ကြသည့် အရာရှိစစ်သည်များ၏ မိသားစုများ အတွက် ၃၃ သိန်း ငါးသောင်းကျပ် ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် အခြားဒေသအသီးသီးမှ အရာရှိမိသားစုဝင်များကလည်း  အလှူငွေများ  လှူဒါန်းလျက်ရှိကြောင်း သိရသည်။       (ကြေးမုံ)
 
No comments:

Post a Comment