ရန်ကုန် ဖေဖော်ဝါရီ ၂၃
ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း ကို
ဖေဖော်ဝါရီလလယ်မှ စတင်ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်
ရပ်ကွက်နှင့်ကျေးရွာတိုင်း၌ ဆောင် ရွက်နေကြောင်း၊ ကျန်းမာရေးဝန်ကြီး ဌာနမှ
တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
''ကျွန်မတို့ ဆေးထိုးအဖွဲ့အနေ ဖြင့် ဇန်နဝါရီလအတွင်းက ကျောင်း တွေမှာ ဝက်သက်နဲ့ဂျိုက်သိုးနှစ် မျိုးစပ်ကာကွယ်ဆေး မထိုးလိုက်ရတဲ့ ကလေးတွေနဲ့ ရပ်ကွက်နဲ့ကျေးရွာ တွေထဲ ကျောင်းမနေသေးတဲ့ကလေး တွေကို လွှမ်းခြုံမိစေဖို့ အခုဖေဖော် ဝါရီလထဲမှာ ရပ်ကွက်သတ်မှတ်စု ရပ်တွေမှာ လိုက်လံထိုးပေးလျက်ရှိ ပါတယ်''ဟု သာကေတမြို့နယ် ဒေ သန္တရဆရာမတစ်ဦးက ပြောသည်။
ဝက်သက်နှင့် ဂျိုက်သိုးနှစ်မျိုး စပ်ကာကွယ်ဆေးကို အသက်ကိုးလ မှ ငါးနှစ်အတွင်းရှိ ကလေးများနှင့် ပထမအကြိမ်တွင် ဆေးထိုးရန် ကျန် ရှိနေသော အသက် ၁၅နှစ်အောက် ကလေးများအားလုံးကို ဖေဖော်ဝါရီ လအတွင်း ရပ်ကွက်နှင့် ကျေးရွာ များအားလုံး၌ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် လိုက်လံထိုးနှံပေးလျက် ရှိသည်။
ယင်းကာကွယ်ဆေးကို ဆေး တစ်ချောင်းတည်းဖြင့် ထိုးနှံပေးလိုက် ၍ ကလေးများအား ဝက်သက်နှင့် ဂျိုက်သိုး ရောဂါနှစ်မျိုးစလုံးကို ကာ ကွယ်ပြီးသားဖြစ်သွားသည်။ ဝက် သက်နှင့်ဂျိုက်သိုးရောဂါနှစ်မျိုးစလုံး သည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ရခြင်း ဖြစ်ပြီး သေချာစွာကုသနိုင်ခြင်းမရှိပါ က ဆိုးရွားသော နောက်ဆက်တွဲ ရောဂါဒဏ်များခံရနိုင်ပြီး အသက် အန္တရာယ်အထိ ဖြစ်သွားနိုင်ကြောင်း သိရသည်။
သတင်း-ကြံတိုင်းအောင်၊ ဓာတ်ပုံ-သက္က

No comments:
Post a Comment