မန်ယူတိုက်စစ်မှူး ဖယ်ကာ အိုဟာ အသင်းအတွက် အားထားရ တဲ့
တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို မိုနာကိုကလပ် ကနေ မန်ယူက
အငှားခေါ်ယူထား တာပါ။ မန်ယူက ရာသီအကုန်မှာ ဆက်လက်ခေါ်ယူမထားဖို့ ဆုံး
ဖြတ်လိုက်တာကြောင့် အသင်းကြီး တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေ ကြပါတယ်။
သူ့ကို ပေါင်သန်း ၅ဝ အထိ ပေးပြီး ခေါ်ယူမယ့်အသင်းတွေ ရှိတယ်လို့ မိုနာကိုကလပ်က ပြောဆိုလိုက်ပါတယ်။ မန်ယူက ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက တစ်ရာသီစာ အငှားခေါ်ယူခဲ့တာပါ။ အသက် ၂၉ နှစ်အရွယ် ကိုလံဘီယာ တိုက်စစ်မှူး ဖယ်ကာအိုကို အငှား တစ်နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာပါ။
ဖယ်ကာအိုဟာ မန်ယူအတွက် ၁၉ ပွဲကစားခဲ့ရာမှာ လေးဂိုးသွင်းယူ ပေးနိုင်ခဲ့ပါတယ်။ မန်ယူက ရာသီ ကုန်မှာ ထပ်မံမခေါ်ဖို့ ဆုံးဖြတ် ခဲ့ပေမယ့် အသင်းကြီးတွေက ခေါ်ယူ ဖို့ စိတ်ဝင်စားနေပါတယ်။ သူ့အတွက် ကျွန်တော်တို့ မစိုးရိမ်ပါဘူး။
သူဟာ တိုက်စစ်မှူးကောင်း တစ်ယောက်ပါလို့ မိုနာကိုအသင်း ဒုတိယဥက္ကဋ္ဌ ဗက်ဒင်းဗာဆီယက် က ပြောပါတယ်။ မန်ယူက တိုက် စစ်မှူးဖယ်ကာအိုကို အငှား ပြောင်းရွှေ့ကြေးပေါင် ခြောက်သန်း နဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၂၆၅ဝဝဝ နဲ့ခေါ်ယူထားတာ ဖြစ်ပါ တယ်။
ကောင်းမြတ်သူ-စုစည်းသည်

No comments:
Post a Comment