Tuesday, February 24, 2015

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် စက်ရေတွင်းတူး


မကွေး ဖေဖော်ဝါရီ ၂၃

မကွေးတိုင်းဒေသကြီး မကွေး မြို့နယ် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက် နေသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှ မကွေးမြို့နယ် ဝက် လူးစမ်းကျေးရွာ စက်ရေတွင်းတူးဖော် ခြင်းလုပ်ငန်းကို ထွန်းဒဂုံကုမ္ပဏီက ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စက်ရေတွင်းတူးဖော်ဆောင်ရွက်ပြီးစီးမှုကို ဖေဖော်ဝါရီ ၁၉ ရက်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းနိုင်နှင့် လင်းမြတ်မင်းကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမြတ်လင်း ဦးတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုစက်ရေတွင်းမှာ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေကျပ်သန်း ၂ဝ ဖြင့် အကုန် အကျခံကာ တူးဖော်လျက်ရှိရာ ဖေဖော်ဝါရီ ၁ဝ တွင် စတင်ခဲ့ ကြောင်း အနက်ပေ ၆၇ဝ တူးဖော်ပြီး ပိုက်ချခြင်း၊ တွင်းဆေးရေမှုတ်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါစက်ရေတွင်း တူးဖော်ပြီးပါက 32 Hp ဒီဇယ် အင်ဂျင်၊ 20 KW ဒိုင်နမိုနှင့် (7.5) Hp Submersible Pump တို့ တပ်ဆင်မည်ဖြစ်ပြီး ဂါလန် ၅ဝဝဝ ဆံ့ရေကန်နှင့် ရေစက်ရုံတို့ကို မတ်လ ၃၁ ရက်နေ့အပြီး တပ်ဆင် တည်ဆောက်သွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက ပြောသည်။

''ကျွန်တော်တို့ရွာက ယခင် စက်ရေတွင်း တစ်တွင်းကိုသာ အား ထားခဲ့ရတာပါ။ အဲဒီတွင်းပျက်သွား တဲ့အခါ ကျွန်တော်တို့ ကျေးရွာမှ သုံးဖာလုံခန့်ဝေးသည့် သစ်ရာ ကောက်ကျေးရွာသို့ နွားလှည်းများ ဖြင့် သွားရောက်ပြီး ရေတစ်စည်ကို ငွေကျပ် ၂၅ဝ ပေးပြီး ဝယ်ယူခဲ့ရ ပါတယ်။
အခုလို မွေး ရေ/ကျေးလက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် သစ်ရာကောက်ကျေးရွာသို့ လာ ရောက်ခဲ့စဉ်က အဆိုပါစက်ရေတွင်း အသစ်တစ်တွင်း တူးဖော်ပေးရန် ချထားပေးခဲ့တဲ့အတွက် ကျွန်တော်တို့ ဝက်လူးစမ်းကျေးရွာရှိ အိမ်ထောင်စု ၁၄၅ စု ၊ လူဦးရေ ၈၉၃ ဦးအတွက် တော့ ယခင်ကလို သောက်သုံးရေ အခက်အခဲနှင့် မကြုံတွေ့ရတော့သလို မီးဘေးအတွက်လည်း လုံခြုံစိတ်ချ ရပြီ''ဟု ဝမ်းသာစွာဖြင့် ဒေသခံတစ်ဦး က ပြောကြားသည်။
ကျော်ဇေယျ

No comments:

Post a Comment