မောက်မယ် ဖေဖော်ဝါရီလ ၂၃
မီးဘေးလုံခြုံရေးနှင့် မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ပြီး မောက်မယ်မြို့နယ် စည်ပင်သာယာဈေးအတွင်းရှိ ဈေးများတွင် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများကို ဈေးသူဈေးသားများ မီးသတိမူစေရေးအတွက် မီးသုံးစွဲမှုများ
နှင့် လျှပ်စစ်သွယ်တန်းမှုများကို လိုက်လံစစ်ဆေးအကြံပြုခြင်းမီးဘေးကြိုတင်ကာကွယ်ရေးပညာပေးဟောပြောခြင်းနှင့်သရုပ်ပြလေ့ကျင့်ခြင်းများကို ဖေဖော်ဝါရီ ၂၁ ရက်ကမြို့နယ်မီးသတ်စခန်းမှူး၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဦးစီးမှူး၊ မြို့နယ်လျှပ်စစ်ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဝင်များ၊ ဈေးတာဝန်ခံနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းကာ ဈေးအတွင်းရှိ မီးငြှိမ်းသတ်သရုပ်ပြကြောင်းသိရသည်။
အဆိုပါ မီးငြှိမ်းသတ်ခြင်း လေ့ကျင့်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် လျှပ်စစ်ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန ဦးစီးမှူး ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌတို့ တက်ရောက်ကြည့်ရှုကြောင်း သိရသည်။
စိုင်းမျိုးသန့်(ပြန်/ဆက်)

No comments:
Post a Comment