Monday, February 2, 2015

၁၈ ဘီးတွဲယာဉ် အရှိန်လွန်၍ လမ်းဘေးချောက်ထဲ ထိုးကျ

Photo: ၁၈ ဘီးတွဲယာဉ် အရှိန်လွန်၍ လမ်းဘေးချောက်ထဲ ထိုးကျ

ဘားအံ  ဖေဖော်ဝါရီ  ၁

ကရင်ပြည်နယ်  ဘားအံမြို့နယ် ဝါးပိုးတောလမ်းဆုံ၌  ၁၈ ဘီးတွဲ ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက် မှု ဇန်နဝါရီ ၃ဝ ရက် ည ၁၁ နာရီခွဲက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဘားအံ-သထုံကားလမ်း မိုင်တိုင်အမှတ် (၁၃/၄) တံတား အမှတ် (၁၄/၁)  ဝါးပိုးတောလမ်းဆုံ အနီး ဘားအံဘက်မှသထုံဘက်သို့ ယာဉ်မောင်း ကျော်ဇေယျာသိန်း(၂၃)နှစ် အိုးဇရပ်ရပ်ကွက် ဆားလင်းကြီးမြို့နယ်နေသူမောင်းနှင်ပြီး ဇော်မင်း ထိုက်(၃၁)နှစ် ကျုံခရိုင်ကျေးရွာ ဖျာပုံ မြို့နယ်နေသူ  ယာဉ်နောက်လိုက် အဖြစ်လိုက်ပါလာသော ကုန်ပစ္စည်း လေးမျိုး သယ်ဆောင်လာသည့်UD  အမျိုးအစား ခေါင်းအဝါရောင် (၁၈)ဘီးတွဲယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်း အနက် ခုနစ်ပေ ခန့်ရှိ ချောက်ထဲသို့တိမ်းမှောက်သွားခဲ့ပြီး  ယာဉ်မောင်းနှင့်ယာဉ်နောက် လိုက်တို့ ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍   ယာဉ် မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကျော်ဇေယျာသိန်းအား ဥပဒေအရ အရေးယူပေးပါရန် မြိုင်ကလေးရဲကင်း စခန်းမှူး ဒုရဲအုပ်စိုးခိုင်က တရားလို ပြုလုပ်တိုင်တန်းသဖြင့် ဘားအံမြို့မ ရဲစခန်းတွင်အမှုဖွင့်ထားကြောင်းသိရသည်။  
   
ထွန်းထွန်းထွေး(ဘားအံ)

No comments:

Post a Comment