Monday, February 2, 2015

စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

Photo: စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်  ဖေဖော်ဝါရီ  ၁

မူးယစ်တပ်ဖွဲ့စု(၂၄)   လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်    ဇန်နဝါရီ   ၃၁ ရက် နောင်ချိုမြို့အဝင်  အေးရှားဝေါလ် တိုးဂိတ်အနီးတွင် မူဆယ်မှ မန္တလေး ဘက်သို့ နေထွန်းအောင် မောင်းနှင်ပြီး တက်တိုးလိုက်ပါလာသည့် မော်တော် ဆိုင်ကယ်အားရှာဖွေရာထိုင်ခုံအောက် ဆီကန်နောက်တွင် တိပ်ဖြင့်ပတ်၍ သိုဝှက်ထားသည့်   အပြာရောင် ပလတ်စတစ်    အိတ်ငယ်များ အတွင်း   စိတ်ကြွရူးသွပ်ဆေးပြား ၂၈၅ဝ သိမ်းဆည်းရမိသဖြင့် နေထွန်း အောင် (၃၃)နှစ်နှင့် တက်တိုး(၂၉)နှစ်တို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၃၁ ရက်က မူးယစ်တပ်ဖွဲ့စု (၂၄)လားရှိုးမှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ကျောက်မဲမြို့နယ် နားအိုက်ခန့် ကျေးရွာနေ  မနန်းနွန်၏နေအိမ်ကို ရှာဖွေရာ အိပ်ရာခေါင်းအုံးအောက်ရှိ စက္ကူထုပ်အတွင်းမှ ပလတ်စတစ်အိတ် ဖြင့်ထည့်လျက်   စိတ်ကြွရူးသွပ် ဆေးပြား ၅၄၆ဝသိမ်းဆည်းရမိသည်။

ဆက်လက်၍  ပူးပေါင်းအဖွဲ့သည် တစ်ရွာတည်းနေ အိုက်ခမ်း၏ နေအိမ် ကို ဆက်လက်ရှာဖွေရာ  ၄င်းဝတ် ဆင်ထားသည့် ဘောင်းဘီရှည်အိတ် အတွင်းမှ    ကြွပ်ကြွပ်အိတ်ဖြင့် ထည့် လျက် စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ ပြား    သိမ်းဆည်းရမိသဖြင့် မနန်းနွန် (၄၅)နှစ်နှင့် အိုက်ခမ်း(၁၈)နှစ်တို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။    

(မူးယစ်ဗဟို)

No comments:

Post a Comment