Friday, February 27, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ သြစတြေးလျနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်



 နေပြည်တော် ဖေဖော်ဝါရီ ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာနီကိုးလတ်ကော့ပယ်လ်သည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်သို့သွားရောက်၍ ၄င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားသို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရိန်သန့်ဇင်တို့ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment