စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန် မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ဈေးမိဈေးဖများပါဝင်သော ပူးပေါင်းအဖွဲ့သည်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့မဈေးကြီးအတွင်းရှိ ဆိုင်ခန်းများ၏ လျှပ်စစ်မီးကြိုးသွယ်တန်းမှုအခြေအနေများကို လိုက်လံစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဈေးသူ၊ ဈေးသားများအား အသိပညာပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြခြင်း ဇာတ်တိုက်လေ့ကျင့်ခြင်းတို့အား ဖေဖော်ဝါရီစတုတ္ထ ပတ်အတွင်းကပြုလုပ်ခဲ့သည်။
ယင်းသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီး ဦးတင်လှိုင်မြင့်နှင့်မြို့မိမြို့ဖများ၊ ခရိုင်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုခဲ့ပြီး ဝန်ကြီးမှ မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ခိုင်ဇေယျ

No comments:
Post a Comment