Wednesday, February 25, 2015

တနင်္သာရီ အ.မ.က ချောင်းငယ် ကျောင်းဆောင်သစ် ရာနှုန်းပြည့်ဆောက်လုပ်ပြီးစီး


Photo: တနင်္သာရီ အ.မ.က ချောင်းငယ် ကျောင်းဆောင်သစ်  ရာနှုန်းပြည့်ဆောက်လုပ်ပြီးစီး

တနင်္သာရီ၊ ဖေဖော်ဝါရီ ၂၄

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက်  အာယုလမ်းရှိ (ယခင်) အ.မ.က ချောင်းငယ်ကျောင်းမြေနေရာ၌ အောက်တိုဘာ ၂၁ ရက်မှ
စတင်၍ ဆောက်လုပ်လျက်ရှိသည့် အ.မ.က ကျောင်းဆောင်သစ်သည် ရာနှုန်း
ပြည့် ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ယင်းကျောင်းဆောင်အား ပညာရေးဝန်ကြီးဌာန၏ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေး
နှစ် ခွင့်ပြုငွေကျပ် ၄၈၆ သိန်းဖြင့် အလျား ၉ဝပေ x အနံ ၃ဝ ပေ၊ အမြင့် ၁၁ ပေ၊
 RC တစ်ထပ်သွပ်မိုး ကျောင်းဆောင်သစ်အဖြစ် River 9  ကုမ္ပဏီမှ  တာဝန်ယူ
ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

ယင်းကျောင်းအတွက်ဖြည့်စွက်ရန် လိုအပ်လျက်ရှိသောစာသင်ခုံအစုံ ၃ဝ၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေးတို့ကိုလည်း  River 9  ကုမ္ပဏီ မှ မန်နေဂျင်းဒါရိုက်တာ ဦးတင့်နိုင်က လှူဒါန်းပေးခဲ့သည်။ ယခုအခါ ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်နိုင်ရန်  စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

ထိန်ဝင်း(ပြန်ဆက်)
 
တနင်္သာရီ၊ ဖေဖော်ဝါရီ ၂၄

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက် အာယုလမ်းရှိ (ယခင်) အ.မ.က ချောင်းငယ်ကျောင်းမြေနေရာ၌ အောက်တိုဘာ ၂၁ ရက်မှ စတင်၍ ဆောက်လုပ်လျက်ရှိသည့် အ.မ.က ကျောင်းဆောင်သစ်သည် ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ယင်းကျောင်းဆောင်အား ပညာရေးဝန်ကြီးဌာန၏ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ် ၄၈၆ သိန်းဖြင့် အလျား ၉ဝပေ x အနံ ၃ဝ ပေ၊ အမြင့် ၁၁ ပေ၊RC တစ်ထပ်သွပ်မိုး ကျောင်းဆောင်သစ်အဖြစ် River 9 ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့ကြောင်း သိရသည်။

ယင်းကျောင်းအတွက်ဖြည့်စွက်ရန် လိုအပ်လျက်ရှိသောစာသင်ခုံအစုံ ၃ဝ၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေးတို့ကိုလည်း River 9 ကုမ္ပဏီ မှ မန်နေဂျင်းဒါရိုက်တာ ဦးတင့်နိုင်က လှူဒါန်းပေးခဲ့သည်။ ယခုအခါ ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်နိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

ထိန်ဝင်း(ပြန်ဆက်)

No comments:

Post a Comment