မကွေး၊ ဖေဖော်ဝါရီ ၂၄
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆိပ်ဖြူ-ဆော-ကန်ပက်လက်လမ်းကို ၁၈ ပေအကျယ်မှ ပေ ၄ဝ အကျယ်အထိ လမ်းချဲ့ခြင်း၊ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများကို ကောင်းမွန်ဆောက် လုပ်ရေးကုမ္ပဏီကတာဝန်ယူ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၁ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုး၊ မြို့နယ်ဆောက်လုပ်ရေးအင်ဂျင်နီယာတို့သည် မိုင်တိုင် (၄၁/၅) မိုင်တွင် စက်ယန္တရားများဖြင့် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေတို့အား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ယင်းနေ့က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့အား ကောင်းမွန်ဆောက်လုပ်ရေးတာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆိပ်ဖြူ-ဆော-ကန်ပက်လက်လမ်းအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် လမ်းပိုင်းအဆင့်မြှင့်တင်ပေးခြင်းကြောင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားရောက်နိုင်မည်ဖြစ်ပြီး အဆိုပါလမ်းသည် ကမ္ဘာလှည့်ခရီးသွားများ ပုဂံမှ ကန်ပက်လက်မြို့သို့သွားရာတွင် အဓိကအသုံးပြုသောလမ်းတစ်လမ်းဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်သည် ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင်တည်ရှိပြီး ဆောမြို့နယ်၊ ချင်းပြည်နယ်ရှိ ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့များကိုသွားရာတွင် အဓိကအချက်အချာကျသောမြို့ တစ်မြို့ဖြစ်သည်။ ယခင်က ဆိပ်ဖြူ-ဆော-ကန်ပက်လက်လမ်းသည် မူလက ၁၈ ပေအကျယ်သာရှိပြီး ဆော
မြို့နှင့်ချင်းပြည်နယ်မြို့များကို သွားလာရာတွင် ခက်ခဲသောလမ်းတစ်လမ်းဖြစ်ကြောင်း သိရသည်။မိုးရာသီတွင်တောင်ပြိုကျခြင်းများကြောင့် လမ်းများပိတ်ဆို့ခဲ့ခြင်းများလည်းရှိသည်။ စိုးလင်းနိုင်(ပြန်/ဆက်)

No comments:
Post a Comment