Wednesday, February 25, 2015

မြောက်ကိုရီးယား မာရသွန်အပြေးပြိုင်ပွဲ နိုင်ငံခြားသားများပါဝင်မှုပိတ်ပင်မည်

Photo: မြောက်ကိုရီးယား မာရသွန်အပြေးပြိုင်ပွဲ နိုင်ငံခြားသားများပါဝင်မှုပိတ်ပင်မည်

ဆိုးလ်    ဖေဖော်ဝါရီ   ၂၄

ဧပြီလတွင်  ကျင်းပမည့် နှစ်ပတ်လည် နိုင်ငံတကာ မာရသွန်အပြေးပြိုင်ပွဲ၌ နိုင်ငံခြားသားများ၊ ပါဝင်မှုကို ပိတ်ပင်မည်ဖြစ်ကြောင်း၊ အီဘိုလာ  ဗိုင်းရပ်ရောဂါ ကူးစက်မည့်အရေးကို စိုးရိမ်သည့်အတွက် ယင်းသို့ ပိတ်ပင်ရခြင်းဖြစ်ကြောင်း ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းကုမ္ပဏီများက ပြောကြားသည်။

ပြုံယမ်း မာရသွန်အပြေးပြိုင်ပွဲ၌  နိုင်ငံခြားသားများ ပါဝင်ယှဉ်ပြိုင်ရန် ခွင့်ပြုမည်မဟုတ်ဟု မြောက်ကိုရီးယားအစိုးရအဖွဲ့က မိမိတို့ကို အသိပေးအကြောင်းကြားခဲ့ကြောင်း တရုတ် နိုင်ငံအခြေစိုက် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကုမ္ပဏီများက ပြောကြားကြသည်။

မြောက်ကိုရီးယားနိုင်ငံ၌ ယခုအချိန်အထိ အီဘိုလာဗိုင်းရပ် ရောဂါဖြစ်ပွားသူ လုံးဝမရှိခဲ့ပေ။ မြောက်ကိုရီးယားနိုင်ငံသည် အောက်တိုဘာလတွင် နယ်စပ်ဒေသကို ပိတ်ခဲ့ပြီး နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များကို ဝင်ရောက်ခွင့် ရပ်ဆိုင်းခဲ့သည်။ သံတမန်များဖြစ်သည့် နိုင်ငံခြားသားများ ဝင်ရောက်ရာတွင်လည်း ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများကို တင်းကျပ်စွာ လိုက်နာစေခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် ကမ္ဘာတစ်လွှား ကူးစက်ပျံ့နှံ့နိုင်သော ရောဂါဘယများကို တားဆီးကာကွယ်နိုင်ရန်လုပ်ဆောင်ခဲ့သည့် သာဓကများရှိခဲ့သည်။ ၂ဝဝ၃ ခုနှစ်က ကူးစက်မြန်ပြင်းထန် နမိုးနီးယားရောဂါ (ဆားစ်) ကူးစက်ဝင်ရောက်လာခြင်း မရှိစေရန် နိုင်ငံခြားခရီးသွားလုပ်ငန်းကို သုံးလကြာမျှ ရပ်ဆိုင်းထားခဲ့သည်။

ပီတီအိုင်။
 
No comments:

Post a Comment