ဘေရွတ် ဖေဖော်ဝါရီ ၂၃
အမေရိကန်ဦးဆောင်သည့် လေကြောင်းတိုက်ခိုက် ရေးဆင်နွှဲမှုကြောင့် ငါးလအတွင်း ဆီးရီးယားနိုင်ငံရှိ အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေးအဖွဲ့ဝင်ပေါင်း ၁၆ဝဝ ကျော် သေဆုံးခဲ့ကြောင်း စောင့်ကြည့်လေ့လာသူတစ်ဦးက ဆိုသည်။
အဆိုပါသေဆုံးသူများအနက် အများစုမှာအိုင်အက်စ် စစ်သွေးကြွများနှင့် အယ်ခိုင်ဒါအဖွဲ့များဖြစ်ပြီး အရပ်သား ၆၂ ဦးသာပါဝင်ကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောသည်။
လေကြောင်းတိုက်ခိုက်ရေးကို စက်တင်ဘာ ၂၃ ရက် တွင်စတင်ခဲ့ပြီး ထိုအချိန်မှစ၍ အိုင်အက်စစ်သွေးကြွများနှင့် အယ်ခိုင်ဒါအဖွဲ့ဝင်ပေါင်း ၁၄၆၅ ဦးခန့်ကို ချေမှုန်းခဲ့ပြီးဖြစ် သည်။ သေဆုံးသူစစ်သွေးကြွအများစုသည် ဆီးရီးယား နိုင်ငံသားများ မဟုတ်ကြပေ။
အမေရိကန်နိုင်ငံနှင့် အာရတ်နိုင်ငံများပါဝင်သည့်ညွန့်ပေါင်းအဖွဲ့က ယမန်နှစ်ကစပြီး အိုင်အက်စစ်သွေး ကြွများကို လေကြောင်းစစ်ဆင်ရေးများဆင်နွှဲခဲ့သည်။
အိုင်အက်စ်စစ်သွေးကြွများသည် ၂ဝ၁၃ ခုနှစ်တွင် ဆီးရီးယားနိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့သည်။ အယ်ခိုင်ဒါ စစ်သွေးကြွအဖွဲ့များမှပေါက်ဖွားလာခဲ့ပြီး အီရတ်နှင့် ဆီးရီး ယားနိုင်ငံများတွင် ၄င်းတို့သိမ်းပိုက်ထားသည့်နယ်မြေ များကို အစ္စလာမ္မစ်နိုင်ငံထူထောင်ရေးနယ်မြေအဖြစ် ကြေညာခဲ့သည်။ နိုင်ငံတကာတိုက်ခိုက်ရေးသမားများ ကို ဆွဲဆောင်လျက်ရှိပြီး ဦးခေါင်းဖြတ်ခြင်းအပါအဝင် အခြားသောနှိပ်စက်ညှဉ်းပန်းမှုများကို ကျူးလွန်လျက်ရှိ သည်။
အေအက်ဖ်ပီ။

No comments:
Post a Comment