ထရီပိုလီ ဖေဖော်ဝါရီ ၂၃
လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီရှိ အီရန်သံမတ်ကြီးနေအိမ်အပြင်ဘက်၌ တနင်္ဂနွေနေ့တွင် ဗုံးပေါက်ကွဲရာ လူသူ မရှိသည့်အဆောက်အအုံတစ်လုံး အနည်းငယ်ပျက်စီးသွားခဲ့သည်။
အိုင်အက်စ်တို့နှင့် ဆက်နွှယ်သော စစ်သွေးကြွများက ၄င်းတို့၏လုပ်ဆောင်ချက်ဟု ကြေညာသည်။အဆိုပါ တိုက်ခိုက်မှုတွင် သေဆုံးသူမရှိပေ။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အကြမ်းဖက်တိုက်ခိုက်မှုအဖြစ်ရှုတ်ချလိုက်သည်။လစ်ဗျားနိုင်ငံ၌ အကြမ်းဖက်တိုက်ခိုက်မှုများအရှိန်မြင့်လာခြင်းကို အဆုံးသတ်ရန်အတွက် ညီညွတ်သော အမျိုးသားအစိုးရတစ်ရပ်ဖွဲ့စည်းရန် ပြိုင်ဘက်နိုင်ငံရေးအုပ်စုများကို ၄င်းကတိုက်တွန်းသည်။
အီရန်အသံမတ်ကြီးသည် ဗုံးခွဲတိုက်ခိုက်ချိန်တွင် လစ်ဗျားနိုင်ငံ၏ ပြင်ပသို့ရောက်ရှိနေသဖြင့် ၄င်း၏ လူမရှိသော နေအိမ်ကိုသာ အနည်းငယ်ပျက်စီးသွားစေခဲ့သည်ဟု လစ်ဗျားလုံခြုံရေးအရာရှိတစ်ဦးကပြောကြားသည်။
ဘီဘီစီ။

No comments:
Post a Comment