အလုပ်သမားများအခက်အခဲကြုံတွေ့ပါက မြန်မာသံရုံးနှင့်ကောင်စစ်ဝန်ရုံးတို့မှ
သံတမန်များအား ဖြစ်ပွားရာနေရာများသို့စေ လွှတ်၍ ဖြေရှင်းဆောင်ရွက်ပေးနေ
နေပြည်တော် ဖေဖော်ဝါရီ ၂၄
ပြည်သူ့လွှတ်တော် (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး ၂၁ ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီ တွင် ကျင်းပပြီး မေးခွန်း(၃)ခုကို မေးမြန်းဖြေကြားခဲ့ကြသည်။
အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး၏ အလုပ်သမား များ ခံစားခွင့်၊ ရပိုင်ခွင့်ဆိုင်ရာ မေး ခွန်းများနှင့်စပ်လျဉ်း၍ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ရှင်းလင်း ဖြေကြားသည်။
အလုံမဲဆန္ဒနယ်မှ ဦးခိုင်မောင် ရည်၏ ''၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေပါ အကျိုးခံစားခွင့်များ အတွက် မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့်သက်ဆိုင်သည့် အလုပ် သမားများအားလုံး ခံစားခွင့်ရရှိရန် ယခုအစိုးရသက်တမ်းတွင် ဆောင် ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ'' မေးခွန်းနှင့် စပ်လျဉ်း၍ လက်ရှိအခြေအနေတွင် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစား ခွင့်များတွင် မဝင်မနေရပြဋ္ဌာန်းချက်၌ အလုပ်သမား (၅)ဦးနှင့်အထက်ရှိ သော လုပ်ငန်းများကိုသာ သတ်မှတ် ထားရာမှ လျှော့ချ၍ အလုပ်သမား (၃)ဦးနှင့်အထက် (သို့မဟုတ်) (၁)ဦး နှင့်အထက်ကို အကျုံးဝင်စေခြင်း၊ လက်ရှိ မြို့နယ်ရုံးခွဲများ၌ အကျုံး ဝင်ခြင်းမရှိသေးသော မြို့နယ်များ ကို နီးစပ်ရာ မြို့နယ်ရုံးများ၌ အကျုံးဝင်ရန် တိုးချဲ့သတ်မှတ်၍ အကျုံးဝင်စေခြင်း၊ လူမှုဖူလုံရေးဥပဒေ သစ်တွင်ပါရှိသော စာချုပ်ဆေးရုံ၊ ဆေးခန်းစနစ်ကို အကျုံးဝင်မြို့နယ် များ၌ အကောင်အထည်ဖော်ခြင်း စသည့်လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါ ကြောင်း။
လူမှုဖူလုံရေးဆေးရုံ၊ ဆေးခန်း များ အဆင့်မြှင့်တင်တိုးချဲ့ပြီး တစ်မျိုး သားလုံးအကျုံးဝင်နိုင်သည့် လူမှုဖူလုံ ရေးစီမံကိန်းဖြစ်ရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူ၍ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့ အနေဖြင့် လူမှုဖူလုံရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အကျုံးဝင်သော အလုပ်ဌာနများမှ အလုပ်သမားများ အားလုံး လူမှုဖူလုံရေးအကျိုးခံစားခွင့် များ ရရှိနိုင်စေရန် မြို့နယ်အားလုံး အကျုံးဝင်လာစေရေးအတွက် တိုးချဲ့ သတ်မှတ်ဆောင်ရွက်ခြင်း၊ သတ်မှတ် လုပ်ငန်းများမှ အလုပ်သမားအားလုံး အကျုံးဝင်လာစေရန် သတ်မှတ် ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ထို့ပြင် အလုပ်လုပ်ကိုင်နိုင် စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့် အငြိမ်းစားအကျိုးခံစားခွင့်နှင့် ကျန် ရစ်သူ အကျိုးခံစားခွင့်အာမခံစနစ်နှင့် အခြားလူမှုဖူလုံရေးစနစ်ပါ အိမ်ရာ စီမံကိန်းများကို လာမည့်ဘဏ္ဍာရေး နှစ်များတွင် ဘဏ္ဍာငွေဖူလုံမှုအပေါ် မူတည်၍ ဆက်လက်အကောင် အထည်ဖော်သွားမည်ဖြစ်ပါကြောင်းဖြင့် ဖြေကြားသည်။
ကျောက်တံတား မဲဆန္ဒနယ်မှ ဦးစိုးဝင်း၏ ''ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်နေသော အလုပ် သမားများအတွက် နိုင်ငံတော်က မည်သည့် အကူအညီများပေး၍ ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကိုယ် စားလှယ်လုပ်ငန်းများကို မည်ကဲ့သို့ ထိန်းသိမ်း ကြပ်မတ်နေသည်ကို သိရှိလိုကြောင်း'' မေးခွန်းနှင့် စပ် လျဉ်း၍ ပြည်ပအလုပ်အကိုင်အကျိုး ဆောင် အေဂျင်စီ(၂ဝ၂)ခုကို တရားဝင် အကျိုးဆောင်လိုင်စင်များ ထုတ်ပေးထားပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် အေဂျင်စီအသစ်များကို လည်း စနစ်တကျစိစစ်ပြီး ပြည်ပ အလုပ်အကိုင်အကျိုးဆောင်လိုင်စင် ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ပြည်ပ အလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများ လိုက်နာရ မည့် စည်းကမ်းချက်များကို သီးခြား ရေးဆွဲ ထုတ်ပြန်ထားပါကြောင်း၊ စည်းကမ်းဖောက်ဖျက်ပါက အကျိုး ဆောင်လိုင်စင် ပိတ်သိမ်းခြင်းနှင့် လုပ်ငန်းလုပ်ကိုင်ခွင့် ယာယီရပ်ဆိုင်း ခြင်း စသည့်အရေးယူမှုများကို ဥပဒေ နှင့်အညီ ဆောင်ရွက်လျက်ရှိပါ ကြောင်း။
ကိုရီးယား၊ ထိုင်းနှင့် မလေးရှား နိုင်ငံတို့၌ အလုပ်သမား သံအရာရှိ များ ခန့်ထားဆောင်ရွက်လျက်ရှိပြီး အလုပ်သမားသံအရာရှိ မရှိသော နိုင်ငံများကို မြန်မာသံရုံးကတစ်ဆင့် အလုပ်သမားရေးရာ ကိစ္စရပ်များ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ တရားဝင်လုပ်ကိုင်နိုင်ရန် One stop Service Center များ ဖွင့်လှစ်၍ အထောက်အထားများ ထုတ်ပေးခဲ့ ပါကြောင်း။
အလုပ်သမားများ အခက်အခဲ ကြုံတွေ့ပါက မြန်မာသံရုံးနှင့် ကောင် စစ်ဝန်ရုံးတို့မှ သံတမန်များကို ပြဿနာဖြစ်ပွားရာ နေရာများသို့ စေလွှတ်၍ ဖြေရှင်းဆောင်ရွက်ပေးပါ ကြောင်း၊ သေဆုံး၊ ဒဏ်ရာရရှိသည့် အလုပ်သမားများအား ထိုက်သင့် သည့် လျော်ကြေးရရှိရေးအတွက် သက်ဆိုင်ရာနိုင်ငံရှိ အလုပ်သမား ဝန်ကြီးဌာန၊ ကုမ္ပဏီများနှင့် ဆက်သွယ်၍ လျော်ကြေးငွေရရှိရန် ဆောင်ရွက်ပေးပါကြောင်း၊ ရွှေ့ ပြောင်းသွားလာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်သည့် Complaint Mechanism Center များကို နေပြည်တော်နှင့် ရန်ကုန်တို့၌ ဖွင့် လှစ်ထားပါကြောင်း၊ သင်တန်းများ ဖွင့်လှစ်၍ သက်ဆိုင်ရာနိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့၊ ဥပဒေများကို သင်ကြားပေးလျက် ရှိပါကြောင်း၊ ပြည်တွင်း ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းပြပွဲများကို ရန်ကုန်နှင့် အခြားမြို့ကြီးများ၌ ကျင်းပ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြင့် ဖြေကြားသည်။
မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း၏ ''လွှတ်တော် ကိုယ်စားလှယ်လောင်း များအနေဖြင့် လာမည့် ရွေးကောက် ပွဲများအတွက် မဲဆွယ်စည်းရုံးရာ၌ စာနယ်ဇင်းများတွင် ရေးသားဖော်ပြ လျက်ရှိသော အသုံးအနှုန်းများဖြင့် လွှတ်တော်၊ အစိုးရ၊ ဌာနဆိုင်ရာ၊ တပ်မတော်နှင့် လူပုဂ္ဂိုလ်များကို ဝေဖန်ဟောပြောခွင့် ရှိ/မရှိ'' မေးခွန်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်း ကိုက လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် အမည်စာရင်းတင် သွင်းပြီးနောက် ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်က စိစစ် အတည်ပြုပြီးလျှင် မဲဆွယ်စည်းရုံးမှု ကာလအတွင်း ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားသော ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်း ရုံးခွင့်စည်းကမ်းများအား လိုက်နာ ကြရမည်ဖြစ်ပါကြောင်း။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ဟောပြောရာတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း၊ ယင်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်၊ သက်ဆိုင်ရာပါတီကိုယ်စားလှယ်နှင့် ယင်းလွှတ်တော် ကိုယ်စားလှယ် လောင်းတို့က အခွင့်အာဏာ လွှဲအပ် ခြင်းခံရသော ပုဂ္ဂိုလ်တို့သည် မဲဆွယ် စည်းရုံးရန်အတွက် စုဝေးဟောပြော ရာတွင်ဖြစ်စေ၊ ရေးသားပုံနှိပ်ဖြန့်ချိ ရာတွင်ဖြစ်စေ တည်ဆဲဥပဒေများကို လိုက်နာရမည့်အပြင် သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ အခန်း(၁၃)နှင့် (၁၄)တို့တွင် ပြဋ္ဌာန်းထားသည့် ရွေး ကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် တရားမဲ့ပြုကျင့်မှုများကို သိရှိ နားလည်ပြီး ဥပဒေချိုးဖောက်မှုမျိုး မဖြစ်စေရေး သတိပြုဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ မိမိ၏ ဟောပြော ချက်များသည် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက် ဖျက်လျှင် ယင်းတည်ဆဲဥပဒေအရ အရေးယူခြင်း ခံရနိုင်ပါကြောင်းဖြင့် ဖြေကြားသည်။ (သတင်းစဉ်)

No comments:
Post a Comment