မန္တလေး ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော် ဆန်းသည်
မတ္တရာမြို့နယ်အတွင်း ကမ်းပြိုကာကွယ်ရေးနှင့် သောင်တူး လုပ်ငန်းများ
ဆောင်ရွက်နေမှုကို ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှု
စစ်ဆေးခဲ့ ကြောင်း သိရသည်။
တိုင်းဒေသကြီး ဝန်ကြီးနှင့်အဖွဲ့ သည် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ် က ဆောင်ရွက်ခဲ့သော ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများနှင့် လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းများကို လည်းကောင်း၊ သူဌေးကုန်းကျေးရွာ အနီးတွင် ယခင်နှစ်က ကာကွယ်ရေး လုပ်ခဲ့ပြီးသော်လည်း ဇန်နဝါရီလက ရေလမ်းကြောင်းပြောင်းလဲကာ ရေဦး ထိုးလာသဖြင့် ကမ်းပြိုမှုကိုလည်း ကောင်း စစ်ဆေးကြည့်ရှုခဲ့ရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်း ဒေသကြီးဦးစီးမှူးနှင့် တာဝန် ရှိသူများက ရှင်းလင်းတင်ပြ သည်။
ထို့နောက် ဝန်ကြီးက ဒေသခံ များနှင့်တွေ့ဆုံကာ ''မြစ်ကမ်း တစ်လျှောက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို အစဉ်တစိုက် လုပ်ဆောင်နေကြောင်း၊ မြစ် ကြောင်းမှာ အစဉ်ပြောင်းလဲနေသဖြင့် ရေအရင်းအမြစ်ဌာနက တိုင်းတာ တွက်ချက်ကာ အစိုးရအဖွဲ့ လမ်းညွှန် မှုနှင့်အတူ ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းသဘာဝအရ လိုအပ်ချက်များရှိနိုင်သည်ကို နား လည်ပေးစေလိုကြောင်း၊ အစိုးရအဖွဲ့ အနေဖြင့် အတတ်နိုင်ဆုံး ဖြည့်ဆည်း သွားမည်ဖြစ်ကြောင်း''ဒေသခံများ အား တွေ့ဆုံပြောကြားသည်။
လက်ရှိတွင် ကမ်းပြိုကာကွယ် ရေးနှင့် ရေလမ်းဖြောင့်ဆင်းရေး အတွက် သောင်စွယ်ဖြတ်ရန် သဲစုပ် လှေကြီးများ ၊ Back Hole Dredger ဖြင့် သောင်တူးခြင်း၊ ရေလမ်းလွှဲခြင်း လုပ်ဆောင်နေပြီး ရေလမ်းထိန်း ရေကာတာများ ဆက်လက်လုပ် ဆောင်သွားရန် ရန်ပုံငွေတင်ပြ တောင်းခံထားကြောင်း သိရ သည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:
Post a Comment