Wednesday, February 25, 2015

နီဆန်းခြောက်ဘီးကား ဘရိတ်ပေါက်ပြီး တိမ်းမှောက်



အင်းတော် ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် အင်းတော်မြို့နယ် ကမ်းနီ ကျေးရွာအနီး ကသာ-အင်းတော် ကားလမ်း မိုင်တိုင်အမှတ် ၁၁/၁၊ တံတားအမှတ်၁/၁၂တွင် ဖေဖော်ဝါရီ ၂၁ ရက်ညနေ ၄ နာရီက ယာဉ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်းအရ အင်းတော်မြို့နယ် နဘားရဲကင်းစခန်း မှူး ဒုရဲအုပ်အောင်နိုင်မြင့်နှင့်အဖွဲ့က သက်သေများနှင့်အတူ သွားရောက် စစ်ဆေးကြသည်။

အခင်းဖြစ်အရပ်တွင် ကသာမှ ဖားကန့်သို့ ယာဉ်မောင်း ကျော်မင်း ထက် မောင်းနှင်လာသည့် ၁/--- နီဆန်းအဖြူရောင် ခြောက်ဘီးကား သည် ဒီဇယ်ပီပါအလုံး ၆ဝ ခန့် တင် ဆောင်ပြီး မောင်းနှင်လာစဉ် တံတား အနီးအရောက်၌ ရုတ်တရက်ဘရိတ် ပေါက်၍ ကားမှာလမ်း၏ဝဲဘက်သို့ ထိုးကျတိမ်းမှောက်သွားခဲ့ရာ ကား၏ရှေ့ဘက်လေကာမှန်ကွဲပြီး ကားခေါင်း ပိန်ချိုင့်သွားကာ ပျက်စီးဆုံးရှုံးသွား ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။

ယာဉ်ကို မဆင်မခြင်မောင်းနှင် သူ ကျော်မင်းထက် (၃၂ နှစ်) စစ်မှု ထမ်းဟောင်းရပ်ကွက် မိတ္ထီလာမြို့ နေသူအား အင်းတော်မြို့မရဲစခန်းက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဦးရဲ (ကသာ)

No comments:

Post a Comment