Tuesday, February 24, 2015

ပြည်သူ့လွှတ်တော်အစည်းအဝေး




သဘာဝတောများမှ ထင်း၊ မီးသွေး၊ လောင်စာများ ထုတ်ယူမှုလျော့နည်းစေရန် ထင်းစိုက်ခင်းများထူထောင်ပြီး ကျေးရွာများသို့ လွဲပြောင်းပေး


နေပြည်တော် ဖေဖော်ဝါရီ ၂၃

ယနေ့ကျင်းပသည့် ပြည်သူ့ လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၂ဝ)ရက်မြောက် နေ့တွင် သစ်တောကဏ္ဍ၊ သမဝါယမ ကဏ္ဍနှင့် နိုင်ငံတကာထောက်ပံ့ငွေ စီမံခန့်ခွဲရေးကဏ္ဍဆိုင်ရာ မေးခွန်း များ မေးမြန်းဖြေကြားကြသည်။
အစည်းအဝေးတွင် ရမည်းသင်း မဲဆန္ဒနယ်မှ ဦးဘိုနီ၏ ''နိုင်ငံတော် အတွင်း သစ်တောပြုန်းတီးခြင်းမှ ကာကွယ်ရန် မည်သို့သောအစီအမံ များ ဆောင်ရွက်ထားသည်ကို သိရှိ လိုကြောင်း'' မေးခွန်းနှင့်စပ်လျဉ်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ် တောရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးမြင့်မောင်က သစ် တောသယံဇာတများ ရေရှည်တည်တံ့ စေရေးနှင့် စဉ်ဆက်မပြတ်ထုတ်ယူ အသုံးပြုနိုင်စေရေးအတွက် ၂ဝဝဝ-၂ဝဝ၁ ခုနှစ်မှ ၂ဝ၃ဝ-၂ဝ၃၁ ခုနှစ် အထိ နှစ်(၃ဝ) အမျိုးသား ပင်မ စီမံကိန်းကို ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သစ်တောစီမံအုပ်ချုပ် လုပ်ကိုင်မှု စီမံကိန်းများကို ၁ဝနှစ်တစ်ကြိမ် ပြင်ဆင်ရေးဆွဲ၍ ငါးနှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ပြီး အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကြိုးဝိုင်း၊ ကြိုးပြင်ကာ ကွယ်တောများကို နိုင်ငံတော်ဧရိယာ ၏ ၃ဝ ရာခိုင်နှုန်း၊ သဘာဝနယ် မြေများကို ရေရှည်တွင် နိုင်ငံတော် ဧရိယာ၏ ၁ဝ ရာခိုင်နှုန်း တိုးချဲ့ဖွဲ့ စည်းရန် လျာထားဆောင်ရွက် လျက်ရှိပါကြောင်း၊ နှစ်စဉ်သစ်ထုတ် လုပ်မှုကို လျှော့ချခဲ့ပြီး နိုင်ငံခြားသို့ သစ်အလုံးလိုက်တင်ပို့မှုကို ရပ်ဆိုင်း ခဲ့ပြီးဖြစ်ပါကြောင်း။
ထို့ပြင် တရားမဝင် သစ်ခိုးယူ ထုတ်လုပ်မှုများကို အခြားမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖမ်းဆီးဖော်ထုတ်လျက်ရှိပါကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့် သစ် တောစိုက်ခင်းများတည်ထောင်လျက် ရှိပါကြောင်း၊ သဘာဝတောများမှ ထင်း၊ မီးသွေး၊ လောင်စာများ ထုတ်ယူမှုလျော့နည်းစေရန် ကျေး ရွာသုံးထင်းစိုက်ခင်းများထူထောင်၍ သက်တမ်းငါးနှစ်ပြည့်ပြီးသော စိုက် ခင်းများကို ကျေးရွာများသို့ လွှဲ ပြောင်းပေးခဲ့ပါကြောင်း၊ ကျေးလက် အိမ်ရာ တည်ထောင်ရေးအတွက် တစ်အိမ်ထောင် ကျွန်းသုံးပင်၊ သစ် မာပင် ၂ဝ နှုန်းဖြင့် တစ်ရွာတစ်ဧက စိုက်ပျိုးတည်ထောင်ပြီး သက်ဆိုင်ရာ ကျေးရွာများသို့ လွှဲပြောင်းပေးခဲ့ပါ ကြောင်းနှင့် ယင်းလုပ်ငန်းစဉ်များကို အားလုံးပူးပေါင်းပါဝင်ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်းဖြင့် ဖြေကြားသည်။
ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာ အောင်သန်း၏ ''တောင်သူလယ် သမားများအား သီးနှံစတင် စိုက်ပျိုး ချိန်တွင် သမဝါယမချေးငွေတစ် သိန်းကိုချေးပေးပြီး သီးနှံပေါ်ချိန်တွင် ပြန်ဆပ်မည့် ချေးငွေကို ခြောက်လ တစ်ကြိမ်အစား တစ်နှစ်သို့ပြောင်း လဲပေးရန် အစီအစဉ် ရှိ၊ မရှိ'' မေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်း ထွန်းက တရုတ်နိုင်ငံ EXIM Bank မှ ချေးငွေရယူဆောင်ရွက် ရာတွင် စိုက်ပျိုးရာသီချိန်မတိုင်မီ အနီးစပ်ဆုံး ခန့်မှန်းတွက်ချက်၍ အသင်းသားများသို့ ထုတ်ချေးပေး ခြင်းဖြစ်ပါကြောင်း၊ သမဝါယမ ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ EXIM Bank တို့ နှစ်ဦးသဘောတူ ချေးငွေ စာချုပ်တွင် ပထမ နှစ်နှစ်အတွင်း ၆ လတစ်ကြိမ်အတိုးပေး၍ တတိယနှစ် မှစ၍ ခြောက်လတစ်ကြိမ် အရင်း၏ ၁၆ ပုံလျှင် ၁ ပုံနှင့် ကျသင့်သည့်အတိုး ကို ကျန်ရှစ်နှစ်တွင် ပေးဆပ်ရန် ပါရှိပါကြောင်း။
တရုတ်နိုင်ငံ EXIM Bank ချေးငွေသည် ၄ ဒသမ ၅ ရာခိုင်နှုန်း နှင့် Management Fee တစ်ရာခိုင် နှုန်း ကြိုတင်ပေးရခြင်းကြောင့် အတိုးနှုန်း ၄ ဒသမ ၆ရာခိုင်နှုန်း ပေး ချေရပြီး ပထမနှစ်နှစ်တွင် အတိုးသာ ပေးရသော်လည်း ကျန်ရှစ်နှစ်တွင် အရင်းနှင့်အတိုးပေးရသည့် အတွက် အရင်းငွေအားစိုက်ထုတ် ကျခံပေး သွင်းနိုင်မှုမရှိခြင်းတို့ကြောင့် ချေးငွေ ကာလခြောက်လအစား တစ်နှစ်အထိ တိုးမြှင့်သတ်မှတ်ပေးနိုင်ခြင်း မရှိပါ ကြောင်းဖြင့် ဖြေကြားသည်။
ကန်ပက်လက် မဲဆန္ဒနယ်မှ သူရဦးအောင်ကို၏ ''နိုင်ငံတကာမှ ထောက်ပံ့ငွေများကို လုပ်ငန်းကဏ္ဍအလိုက် မျှတစွာခွဲဝေသုံးစွဲနိုင်ခြင်း နှင့် လေလွင့်ဆုံးရှုံးမှုများ လျော့ နည်းပပျောက်အောင် ပြန်လည် စစ်ဆေးကြပ်မတ်နိုင်ခြင်း ရှိ/မရှိ'' မေးခွန်းနှင့်စပ်လျဉ်း၍ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်လဲ့ လဲ့သိန်းက နိုင်ငံတကာမှ ထောက်ပံ့ ငွေများ ပြည်သူလူထု၏ အကျိုးစီးပွား အပေါ်သက်ရောက်မှု အပြည့်အဝ ရရှိအောင် ချိတ်ဆက်စီမံနိုင်ရေး အတွက် ဝန်ကြီးဌာနအနေဖြင့် ကော်မတီနှစ်ရပ်ဖွဲ့စည်းပြီး ဆောင် ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံချင်း အလိုက်သော်လည်းကောင်း၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် သော် လည်းကောင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ နှင့်သော်လည်းကောင်း ညှိနှိုင်းမှု များပြုလုပ်၍ အမျိုးသားဦးစားပေး အစီအစဉ်များ၊ မဟာဗျူဟာများနှင့် အကူအညီ အရင်းအမြစ်များ သဟ ဇာတဖြစ်ရေးအတွက် စီမံဆောင်ရွက် လျက်ရှိပါကြောင်း။
နိုင်ငံတကာ ထောက်ပံ့ငွေ၊ ချေးငွေများကို ကဏ္ဍအလိုက် ခွဲဝေ သုံးစွဲရာတွင် လေလွင့်ဆုံးရှုံးမှု အသုံးစရိတ်များ မဖြစ်ပေါ်ရေး အတွက် စီမံကိန်းများနှင့်စပ်လျဉ်း သည့် အခြေအနေများအား စောင့် ကြပ်ကြည့်ရှုခြင်း၊ အကဲဖြတ်ခြင်း တို့အား ဆောင်ရွက်ရန် သက်ဆိုင်ရာ စီမံကိန်း အကောင်အထည်ဖော် သည့် ဝန်ကြီးဌာနများတွင် စီမံကိန်း ကြီးကြပ်ရေး ယူနစ်များထားရှိကာ လစဉ်စီမံကိန်းပြီးစီး အကောင် အထည်ဖော်မှုအခြေအနေများအား အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနသို့ မိတ္တူ ပေးပြီး အစိုးရအဖွဲ့ရုံးသို့ ပုံမှန်တင် ပြလျက်ရှိပါကြောင်း။
နိုင်ငံတကာနှင့် အဖွဲ့အစည်း များမှ ပေးအပ်သည့်အကူအညီ အထောက်အပံ့များ ထိရောက်မှု ရှိရေးနှင့် အလေအလွင့်မရှိစေရေး အတွက် လုပ်ငန်းစီမံကိန်းများကို အကောင်ထည်ဖော်သည့် သက်ဆိုင် ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ များ၊ ပြည်ထောင်စုအဆင့် ဝန်ကြီး ဌာနများနှင့် အကူအညီပေးအပ် သည့် နိုင်ငံ၊ အဖွဲ့အစည်းများ ပူး ပေါင်း၍ စောင့်ကြည့်အကဲဖြတ်ခြင်း များ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြင့် ဖြေကြားသည်။ (သတင်းစဉ်)

No comments:

Post a Comment