ရန်ကုန် ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ၂ဝ၁၄ ခုနှစ် နှစ်ပတ်လည်
အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၄ ရက်က မြို့တော်ခန်းမ၌
ကျင်းပရာ တိုင်းဒေသကြီးအမျိုးသမီးရေးရာ အဖွဲ့နာယကများ၊ ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် အဖွဲ့နာယက ဒေါ်ခင်သက်ဌေးက သဘာဝပတိအဖြစ် ဆောင်ရွက်ကာ အမှာစကားပြောကြားပြီး ဥက္ကဋ္ဌ ဒေါ်ဆွေဆွေလတ်က ကဏ္ဍအလိုက် လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍ အဖွဲ့ချုပ်၏ သုံးသပ် အကြံပြုချက်များကို ဆွေးနွေးတင်ပြကြသည်။ တင်စိုး(မြန်မာ့အလင်း)

No comments:
Post a Comment