Thursday, February 26, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အဖွဲ့ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ



ရန်ကုန် ဖေဖော်ဝါရီ ၂၅

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၈ နာရီ မိနစ် ၄ဝ တွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ချစ်ကြည်ရေးခရီး ထွက်ခွာသွားသည်။
ဒုတိယသမ္မတနှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေနှင့်ဇနီး၊တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Pisanu Suvanajataနှင့်ဇနီး၊ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ဒုတိယသမ္မတနှင့်အတူ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ ဒေါက်တာဝင်းမြင့်၊ ဦးထင်အောင်၊ ဒေါက်တာစိုင်းကျော်အုန်းနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါသွားကြသည်။
(သတင်းစဉ်)

No comments:

Post a Comment