Thursday, February 26, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး


 
ဗန်ကောက် ဖေဖော်ဝါရီ ၂၅
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ တရားဝင် ချစ်ကြည်ရေးခရီးလည်ပတ်ရန် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းဖြင့် ထွက်ခွာလာရာ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ ၂၇ မိနစ်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။
ဒုတိယသမ္မတဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်၊ စစ်သံမှူး ဗိုလ်မှူးချုပ်ချစ်ဆွေ၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ သံရုံးမိသားစုများနှင့် ထိုင်းနိုင်ငံမှတာဝန်ရှိသူများက လေဆိပ်၌ ရင်းနှီးနွေးထွေးစွာကြ
သည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ဗန်ကောက်မြို့ရှိ အစိုးရဧည့် ဂေဟာ၌ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ပရာယွတ် ချန်အိုချာနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံ သံတမန်ဆက်ဆံမှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအစိုးရများအကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်ရေး၊ ပညာရေး ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ နှစ်နိုင်ငံနယ်စပ်ဂိတ်ဖွင့်လှစ်နိုင်ရေးကိစ္စ၊ ထိုင်းနိုင်ငံ တွင်းရှိ မြန်မာနိုင်ငံရွှေ့ပြောင်းလုပ်သားများကိစ္စ၊ နှစ်နိုင်ငံခရီးသွားကိစ္စများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ခေတ္တတည်းခိုမည Dusit Thani ဟိုတယ်၌ နေ့လယ်စာသုံးဆောင်ကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဖစီကျရိန်မြို့ရှိ ဝပ်ပါက် နန့် ကျောင်းတိုက်သို့ သွားရောက်ပြီး ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဆွမ်ဒေ့စ် ဖရ မဟာရတ်ဇ်မင်္ဂလာကျန်အား ဖူးမြော်ကြည်ညိုကာ ဗုဒ္ဓ ရုပ်ပွားတော်တစ်ဆူနှင့် သင်္ကန်းအစရှိသည့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းပြီး ကျောင်းတိုက်အပေါ်ထပ်ဆောင်ရှိ ဗုဒ္ဓရုပ်ပွားတော်များအား လှည့်လည်ဖူးမြော်ကြည်ညိုသည်။
ညပိုင်းတွင် ဒုတိယသမ္မတသည် ဗန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနေအိမ်၌ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ သံရုံးမိသားစုများ၊ ပညာတော်သင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အမှာစကားပြောကြားကာ လက်ဆောင်ပစ္စည်းများပေးအပ်ပြီး သံအမတ်ကြီး တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
(သတင်းစဉ်)


No comments:

Post a Comment