Monday, February 2, 2015

ရုရှားနှင့် ခရိုင်းမီးယားတံတား ပူတင်၏ သူငယ်ချင်းက တည်ဆောက်မည်

Photo: ရုရှားနှင့် ခရိုင်းမီးယားတံတား ပူတင်၏ သူငယ်ချင်းက တည်ဆောက်မည်

မော်စကို ဖေဖော်ဝါရီ ၁

ခရိုင်းမီးယား၌ တံတားတစ်စင်း တည်ဆောက်ရန်အတွက် အနောက်အုပ်စုက စီးပွားရေးအရအရေးယူထား ခြင်းခံရသည့် ရှယ်ယာအများဆုံး ပိုင်သောကုမ္ပဏီသို့သမ္မတ ဗလာဒီမာ ပူတင်က ကန်ထရိုက်ပေးလိုက်ကြောင်း ဘီဘီစီက ယနေ့ဖော်ပြသည်။

ရုရှားသမ္မတ  ဗလာဒီမာပူတင်၏ ဂျူဒိုကစားဖက်လည်းဖြစ် ငယ်သူချင်းလည်းဖြစ်သူ  အာကာဒီရိုတင်းဘတ် ပိုင်ဆိုင်သည့် အက်စ်ဂျီအမ်အုပ်စုသို့ ဒေါ်လာ သုံးဘီလီယံတန်ဖိုးရှိ တံတား တစ်စင်းတည်ဆောက်ရန် ကန်ထရိုက် ပေးအပ်ခဲ့သည်။

အငြင်းပွားဖွယ် လူထုဆန္ဒခံယူပွဲ ကျင်းပပြီး မတ်လ၌ ယူကရိန်းနိုင်ငံမှ မော်စကိုပိုင်နက်အတွင်းသို့ သွတ်သွင်းခဲ့သော ကျွန်းဆွယ်နှင့် ရုရှားနိုင်ငံကို ၎င်းတံတားက  တိုက်ရိုက်ဆက်သွယ် ပေးမည်ဖြစ်သည်။

ပိုက်လိုင်း အထူးတည်ဆောက်သော အက်စ်ဂျီအမ်၏  ပထမဆုံးတည်ဆောက်သော တံတားဖြစ်လာမည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။

ကတ်ရေလက်ကြား၌  မည်သည့်နေရာတွင် တည်ဆောက်မည်ဟု ရှင်းလင်းစွာ မသိရသေးပေ။ ၂ ဒသမ  ၅ မိုင်မှ ၉ မိုင်အကျယ်အတွင်း တစ်နေရာရာတွင် ဖြစ်မည်ဖြစ်သည်။

ရုရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်  ကန်ထရိုက် ပေးအပ်ကြောင်း  ကြေညာချက်တွင် ၎င်းတံတားသည် ၂ဝ၁၈ ခုနှစ်တွင် ပြီးစီးမည်ဟု ဖော်ပြထားသည်။

လက်ရှိ ဆက်သွယ်ရေးအနေအထားမှာ   ခရိုင်းမီးယားနှင့် ရုရှားကို ရေကြောင်းမှလည်းကောင်း၊ လေကြောင်းမှ လည်းကောင်း ဆက်သွယ်မှုရှိပြီး   ယူကရိန်းနိုင်ငံအတွင်းမှ ဖြတ်သန်းသော ကုန်းကြောင်းမှာမူ အရှေ့ပိုင်းမှ တိုက်ပွဲများက  အဟန့်အတားပြုလျက်ရှိသည်။

ခရိုင်းမီးယားကို သိမ်းယူခြင်းကြောင့် ရုရှားနိုင်ငံကို  ဥရောပသမဂ္ဂ (အီးယူ)၊ အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏ မဟာမိတ်များက စီးပွားရေး ပိတ်ဆို့အရေးယူထားသည်။ အနောက် အုပ်စု၏ ပြည်ဝင်ခွင့် တားမြစ်ထားခြင်း၊ ပိုင်ဆိုင်မှုများ ထိန်းချုပ်ထားခြင်း ခံရသည့် စီးပွားရေးလုပ်ငန်းရှင်များတွင် မစ္စတာရိုတင်းဘတ်တစ်ဦးအပါ အဝင်ဖြစ်သည်။

အမေရိကန်ဘဏ္ဍာရေးဌာန အဆိုအရ အာကာဒီနှင့်  ၎င်း၏အစ်ကို ဘော်ရစ်တို့သည် ရုရှားသမ္မတပူတင် အလေးအနက်ထားသော စီမံကိန်းများကို တာဝန်ယူ အကောင်အထည်ဖော်ပေးရသည်။ ခန့်မှန်းခြေဒေါ်လာ ခုနစ်ဘီလီယံတန်ဖိုးရှိသည့်  ဆိုချီ အိုလံပစ်  အားကစားပွဲတော်ကို ကန်ထရိုက်ယူ၍  အောင်မြင်စွာ ကျင်းပပေးခဲ့သည်။ ၎င်းအပြင် နိုင်ငံတော်ပိုင်  ဂက်စ်ပရွန်စွမ်းအင် ကုမ္ပဏီမှ တစ်ဆင့် ၎င်းတို့၏ ချမ်းသာ ကြွယ်ဝမှုသည် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံအထိ ရောက်ရှိလာသည်။

၎င်းညီအစ်ကိုနှစ်ဦးက ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအတွက် ရုရှားသမ္မတထံမှ အကူအညီများရယူခဲ့ ခြင်းမရှိပါဟု ငြင်းဆိုခဲ့ကြသည်။ 

ဘီဘီစီ။

No comments:

Post a Comment