Sunday, February 1, 2015

ဆီနီဂေါနောက်ခံလူ ပါပီဆိုးအား ခရစ္စတယ်ပဲလေ့ ခေါ်ယူ

Photo: ဆီနီဂေါနောက်ခံလူ ပါပီဆိုးအား ခရစ္စတယ်ပဲလေ့ ခေါ်ယူ

ပရီမီယာလိဂ်ကလပ် ခရစ္စတယ်ပဲလေ့အသင်းသည် ပြင်သစ်ကလပ် လိုင်လီ အသင်းမှ ဆီနီဂေါနောက်တန်းကစားသမား ပါပီဆိုးအား စာချုပ်ချုပ်ဆိုခေါ်ယူလိုက် ပြီဖြစ်သည်။ အသက်(၂၄)နှစ်အရွယ်ရှိ နောက်ခံလူ ပါပီဆိုးသည် အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲတွင်လည်း ဆီနီဂေါအသင်းနှင့်အတူ ပါဝင်ကစားပေးခဲ့သူဖြစ်သည်။

ခရစ္စတယ်ပဲလေ့အသင်းဥက္ကဋ္ဌ စတိပါရစ်သည် အဆိုပါ နောက်တန်းကစားသမား ပါပီဆိုးအား စာချုပ်ချုပ်ဆိုခေါ်ယူလိုက်ပြီဖြစ်ကြောင်း ၄င်း၏တွစ်တာစာမျက်နှာမှ တစ်ဆင့် ဖော်ပြခဲ့သည်။ ထို့ကြောင့် နောက်ခံလူ ပါပီဆိုးသည် နည်းပြအလန်ပါဂျူး၏ ယခုတစ်ပတ်အတွင်း    တတိယမြောက်ခေါ်ယူခဲ့သည့်    ကစားသမားတစ်ဦးဖြစ်ပြီး        ခရစ္စတယ်ပဲလေ့အသင်းသည် နောက်ခံလူ  ပါပီဆိုးအားမခေါ်ယူမီ ဂျော်ဒန်မက်ခ်ျနှင့် အမ်မိုဘီတို့ကို ခေါ်ယူထားပြီဖြစ်သည်။

ငွေကြယ်

No comments:

Post a Comment