Sunday, February 1, 2015

ဆောက်သမ်တန်ကွင်းလယ်ကစားသမား ဂျက်ကော့အား ဆွမ်ဆီးခေါ်ယူ

Photo: ဆောက်သမ်တန်ကွင်းလယ်ကစားသမား ဂျက်ကော့အား ဆွမ်ဆီးခေါ်ယူ

ဆောက်သမ်တန်ကွင်းလယ်ကစားသမား ဂျက်ကော့သည် ဆွမ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားရန် သုံးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို သဘောတူထားပြီဖြစ်သော ကြောင့်  ဆောက်သမ်တန်အသင်းနှင့်  ဆွမ်ဆီးအသင်းတို့  ယှဉ်ပြိုင်ကစားမည့် ပရီမီယာလိဂ်ပွဲစဉ်တွင် ပါဝင်လာရန်မသေချာကြောင်း သိရသည်။

ဆွမ်ဆီးအသင်းကမူ ဆောက်သမ်တန်ကွင်းလယ်ကစားသမား ဂျက်ကော့အား ပြောင်းရွှေ့ကြေး ဖော်ပြခဲ့ခြင်းမရှိဘဲ အပြီးသတ်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း လူသိရှင်ကြားထုတ်ဖော်ပြောကြားလိုက်သည်။ ထိုသို့ ဆွမ်ဆီးအသင်းက ခေါ်ယူ လိုက်သော်လည်း ကွင်းလယ်ကစားသမားဂျက်ကော့၏ ဆောက်သမ်တန်အသင်းနှင့် စာချုပ်သက်တမ်းမှာ လာမည့်နွေရာသီရောက်မှသာ ကုန်ဆုံးမည်ဖြစ်သည်။
ထို့ကြောင့် ဆောက်သမ်တန်အသင်းနည်းပြ ရိုနယ်လ်ကိုးမန်းက ကွင်းလယ် ကစားသမား ဂျက်ကော့အား စာချုပ်သစ်ကမ်းလှမ်းခဲ့သည်။ သို့သော် ဂျက်ကော့ကမူ ပထမအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရှိရေးအတွက် ဆောက်သမ်တန်အသင်း၏ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။

ငွေကြယ်

No comments:

Post a Comment