Sunday, February 1, 2015

မီးသတ်ယာဉ်ပေးအပ်ပွဲ ဆားမလောက်ကျေးရွာ၌ ကျင်းပ

Photo: မီးသတ်ယာဉ်ပေးအပ်ပွဲ ဆားမလောက်ကျေးရွာ၌ ကျင်းပ

ညောင်တုန်း ဇန်နဝါရီ ၃၁

ဧရာဝတီတိုင်းဒေသကြီး  ညောင်တုန်း မြို့နယ် ဆားမလောက်ကျေးရွာ နယ်မြေ မီးသတ်စခန်းသို့  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်  ရေဂါလန် ၁၆ဝဝ ဆံ့ မီးသတ်ရေသယ်ယာဉ်    တစ်စီး ပေးအပ်ပွဲကို ဇန်နဝါရီ ၂၇ ရက် ညနေ ၄ နာရီက ဆားမလောက်ကျေးရွာ သုခမင်္ဂလာ ဈေးကြီးရှေ့ယာယီ မီးသတ်စခန်း၌ ကျင်းပ သည်။

မီးသတ်ရေသယ်ယာဉ်နှင့် ပတ်သက်၍ စာရွက်စာတမ်းများကို  မြို့နယ်မီးသတ် ဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ဝင်းက ကျေးရွာအုပ်ချုပ်ရေးမှူး  ဦးကျော်ဝင်းနှင့်    ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး  အထောက် အကူပြုကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းတို့ထံ ပေးအပ်သည်။ အဆိုပါ မီးသတ်ရေယာဉ်ရရှိခြင်းအားဖြင့် ဆားမလောက်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာပေါင်း ၁၁ ရွာ၊ အိမ်ထောင်စု ၂ဝဝဝ ကျော်တို့အား မီးဘေးအန္တရာယ်ကို တားဆီးကာကွယ်နိုင်မည့်အပြင် အခြားကျေးရွာများကိုပါ  ကူညီဆောင်ရွက်သွား နိုင်မည်ဖြစ်ကြောင်း သိရသည်။
                                                                               (ဝ၇၆)

No comments:

Post a Comment