Sunday, February 1, 2015

ကျောင်းအခြေပြု ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ၁၉၈၄၈ ဦး ထိုးပေးပြီး

Photo: ကျောင်းအခြေပြု ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ၁၉၈၄၈ ဦး ထိုးပေးပြီး

စစ်တွေ၊ ဇန်နဝါရီ ၃၁
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ အခြေခံ
ပညာကျောင်း  ၉၂ ကျောင်းနှင့် ဘုန်းတော်ကြီး 
သင်ပညာရေးကျောင်း ခုနစ်ကျောင်းတို့တွင် အသက် ငါးနှစ်မှ  ၁၅ နှစ်အထိ ကျောင်းနေ
အရွယ်ကလေးငယ်များအား ပထမအဆင့်
အနေဖြင့် ကျောင်းအခြေပြု ဝက်သက်ရောဂါ
နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံမှုကို ဇန်နဝါရီ ၁၉ ရက်မှ ၂၇ ရက်အထိ ကာကွယ်
ဆေးထိုးအဖွဲ့  ၃၆ ဖွဲ့ဖြင့် ကျောင်းများတွင် ကွင်း
ဆင်းထိုးနှံပေးခဲ့ရာ စုစုပေါင်း ကလေးငယ်  ၁၉၈၄၈ ဦးအား ကာကွယ်ဆေး ထိုးနှံပေးခဲ့
ပြီးဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ အသက် ကိုးလမှ ငါးနှစ်
အထိ ကလေးငယ်များ၊ အသက် ငါးနှစ်မှ ၁၅ 
နှစ်အထိ ကျောင်းပြင်ပ ကလေးငယ်များနှင့် 
ကျောင်းအခြေပြု ကာကွယ်ဆေးထိုးလုပ်ငန်း
တွင် အကြောင်းအမျိုးမျိုးကြောင့် ဝက်သက်
ရောဂါနှင့်   ဂျိုက်သိုးရောဂါကာကွယ်ဆေး 
မထိုးနှံလိုက်ရသည့် ကလေးငယ်များအား ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၈ ရက်အထိ ပြည်သူ
လူထုအခြေပြု     ကာကွယ်ဆေးထိုးအစီ
အစဉ်အဖြစ် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ  ၁၃ဝ ခုတို့ရှိ ကာကွယ်ဆေးထိုးစုရပ်များတွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။            စစ်တွေခရိုင် ပြန်/ဆက်

No comments:

Post a Comment