နေပြည်တော် ဖေဖော်ဝါရီ ၂၄
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေ မန်းသည် HD Centre (Centre for Humanitarian Dialogue) ၏ စင်ကာပူနိုင်ငံအခြေစိုက် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးMr. Michael Vatikiotis ဦးဆောင် သောအဖွဲ့အား ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့ လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စု လွှတ်တော်နာယကနှင့်အတူ ပြည်သူ့ လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment