သာစည် ဖေဖော်ဝါရီ ၂၄
ပူပြင်းခြောက်သွေ့သောနွေရာသီရောက်ရှိလာပြီဖြစ်ရာ မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးလောင်မှုဖြစ်ပွားပါကအချိန်မီ မီးငြှိမ်းသတ်နိုင်ရေး ကြိုတင်ပူးပေါင်းဇာတ်တိုက်လေ့ကျင့်ခြင်းကို ဖေဖော်ဝါရီ ၂၂ရက် ညနေ ၃နာရီက မိတ္ထီလာခရိုင်သာစည်မြို့ မြို့မဈေးကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာဝန်ထမ်းများနှင့် ဈေးသူဈေးသားများပူးပေါင်းပြီး မီးငြှိမ်းသတ်ရေးယာဉ်များ၊ မီးသတ်ဆေးဘူးများဖြင့် ကြိုတင်လေ့ကျင့်ကြရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးလှဦး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးထွန်းထွန်းဝင်းနှင့်စည်ပင်သာယာရေးကော်မတီဝင်များက ကြီးကြပ်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်း(သာစည်)

No comments:
Post a Comment