Wednesday, February 25, 2015

ရာသီဥတုပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေဖြစ်စေသော စိုက်ပျိုးရေးနည်းပညာများ မြှင့်တင်ရေးဟောပြောပွဲ ကျင်းပ



နေပြည်တော် ဖေဖော်ဝါရီ ၂၄

စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (Food Security Working Group-FSWG)၊ ပရက်တီကယ်အက်ရှင်အဖွဲ့ (Practical Action Consulting) နှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့ ပူးပေါင်း၍ ရာသီဥတုပြောင်းလဲ ခြင်းနှင့် လိုက်လျောညီထွေဖြစ်စေ သော စိုက်ပျိုးရေးနည်းပညာရပ်များ မြှင့်တင်ရေး ဟောပြောဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းက နေပြည်တော် ရေဆင်းစိုက်ပျိုး ရေးတက္ကသိုလ် Auditorium ခန်းမ ၌ ကျင်းပသည်။
အခမ်းအနားတွင် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မျိုးကြွယ်က နှုတ်ခွန်းဆက် စကားပြောကြားပြီး Greg Beeton (Managing Director, Practical Action Consulting,UK) က မိတ် ဆက်စကားပြောကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးနည်းပညာ ပိုင်းဆိုင်ရာ ဆွေးနွေးခြင်းများကို ကျင်းပရာ ရာသီဥတုပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေဖြစ်စေသော စိုက် ပျိုးရေးနည်းပညာရပ်များ မြှင့်တင် ရေးနှင့်စိုက်ပျိုးရေးရွာများ တည် ထောင်ရေးဆိုင်ရာ အယူအဆများ၊ ရာသီဥတုပြောင်းလဲခြင်းနှင့် လိုက် လျောညီထွေဖြစ်စေသော စိုက်ပျိုးရေး နှင့်ပတ်သက်သည့် မြန်မာပြည်မှ အတွေ့အကြုံဗဟုသုတများ၊ ရာသီ ဥတုပြောင်းလဲခြင်းနှင့် လိုက်လျော ညီထွေဖြစ်စေသော စိုက်ပျိုးရေး နည်းပညာရပ်များနှင့် ပတ်သက်၍ Relief International မှ စီစဉ်ဆောင် ရွက်မှုများနှင့်တောင်အာရှနိုင်ငံများမှ အတွေ့အကြုံများကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။
သတင်း-ဇူလိုင်မိုး(မြန်မာ့အလင်း)

No comments:

Post a Comment