Sunday, February 1, 2015

မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ မန္တလေးကန်တော်ကြီး၌ ထိုးသတ်ယှဉ်ပြိုင်မည်

 Photo: မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ မန္တလေးကန်တော်ကြီး၌ ထိုးသတ်ယှဉ်ပြိုင်မည်
===========================

မန္တလေး  ဇန်နဝါရီ  ၃၁

မန္တလေးတိုင်းဒေသကြီး မြန်မာ့ ရိုးရာလက်ဝှေ့ဆပ်ကော်မတီက ကြီး မှူး၍ ပန်းတစ်ခိုင်ဦးမြင့်လွင် စီစဉ် တင်ဆက်သည့်    ဖိုးသားကြီး (မန္တလေး)နှင့် လေးညှို့ရှင်(ခ)ရှမ်းကို (T&T)တို့၏ မြန်မာ့ရိုးရာ လက်ဝှေ့ ပွဲကြီးကို  ဖေဖော်ဝါရီ  ၁၂  ရက် ညနေ ၃ နာရီတွင်  မန္တလေးမြို့ ကန်တော်ကြီးGrand မြက်ခင်းပြင် ၌  ကျင်းပမည်ဖြစ်သည်။    သုံးချီ စိန်ခေါ်ပွဲ ၊လေးချီ စိန်ခေါ်ပွဲ၊  ငါးချီ စိန်ခေါ်ပွဲများ ပါဝင်မည်ဖြစ်သည်။ 

အဆိုပါ     ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီးသည် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ မြို့တော်ဝန်ဖလား (၁၃)ကြိမ်မြောက် ဟင်းသီးဟင်းရွက် နှင့်သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲကို ဂုဏ်ပြုသောအားဖြင့် လက်ဝှေ့ ပြိုင်ပွဲကျင်းပမည်ဟု သိရသည်။

သုံးချီပြိုင်ပွဲများအဖြစ် အောင် စည်ဟိန်း(စွမ်းကေကေ)နှင့် အောင် ကျော်ကျော်(အမရပူရ)၊  ဖြိုးကြီး (အမရပူရ)နှင့် တက်လူ (အောင်စိုး ကလပ်)၊ ဟောလိ(စွမ်းကေကေ)နှင့် ဇွဲလုလင်(ကျောက်ဆည်)၊  မိုးလေး (စွမ်းကေကေ)နှင့် ဗေလုဝ(အမရပူရ)၊ ရွှေအောင်လံ (စွမ်းကေကေ) နှင့် မိုက်ကယ်မိုး၊ လေးချီစိန်ခေါ်ပွဲများ အဖြစ်  မင်းနိုင်ထွန်း(စွမ်းကေကေ) နှင့် အားမာန်(စဥ့်ကိုင်)၊  သူရလိပ် (စွမ်းကေကေ)နှင့်   အံဘွား(မင်း သီဟ)၊ ငါးချီစိန်ခေါ်ပွဲများအဖြစ် မင်းမင်းထွန်း(စွမ်းကေကေ)နှင့် စော အယ်လေး(ထော့မဲပါ)၊ ဖိုးသားကြီး (မန္တလေး)နှင့်  ရှမ်းက(T&T) တို့ စိန်ခေါ်ထိုးသတ်ကြမည်ဖြစ်သည်။

လက်မှတ်များကို ကီးမားဦးတင် ဝင်း ဖုန်း-၂ဝဝ၇၇ဝ၅နှင့် သံလျက် မော်တောင်အုပ်ချုပ်ရေးမှူးရုံး ဖုန်း -၄၃ဝ၁ဝ၇ဝ၃ သို့ ဆက်သွယ်ဝယ် ယူနိုင်သည်ဟု သိရှိရသည်။ ရုံဝင် လက်မှတ်များကို ငွေကျပ်ငါးထောင်၊ ငွေကျပ် ရှစ်ထောင်၊  ငွေကျပ်တစ် သောင်း  သတ်မှတ်ထားသည်ဟု သိရှိရသည်။               ခင်ခင်ဝင်း(ပညာရေး)
 
No comments:

Post a Comment