Tuesday, February 24, 2015

ယနေ့ မြန်မာ့အလင်းအယ်ဒီတာ့အာဘော်



အရည်အသွေးမီထုတ်ကုန်များ ထုတ်လုပ်


နိုင်ငံတော်၏ အဓိကစီးပွားရေးမောင်းနှင်အား တိုးတက်လာ စေရန် အသေးစား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်မှုကို တွန်းအားပေးကူညီဖြည့်ဆည်းလျက်ရှိပါသည်။ သို့သော်လည်း အချို့သော အသေးစားလုပ်ငန်းများသည် ငွေကြေး လိုအပ်ချက်၊ နည်းပညာအားနည်းချက်များကြောင့် အရည်အသွေးမီ ထုတ်ကုန်များ ထုတ်လုပ်ရန်အခက်အခဲများရှိနေပါသည်။ အရည် အသွေးမပြည့်မီသော ထုတ်ကုန်များသည်ဈေးကွက်တွင် စီးပွားရေး အရ မအောင်မြင်နိုင်သကဲ့သို့ ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါ သည်။
ထို့ကြောင့်လည်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရည် အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစား အသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်များတွင် ရောင်းချလျက်ရှိ သော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးလျက်ရှိရာ အချို့သော အစားအသောက်များတွင် သုံးစွဲရန်ခွင့်မပြုသည့် ဆိုးဆေးများသုံးထားသည်ကိုလည်း လေ့လာ တွေ့ရှိရပါသည်။ အထူးသဖြင့် အသင့်စားမုန့်ထုပ်များ၊ အကြော် အလှော်ထုပ်များ၊ ချိုချဉ်၊ ဆီးပေါင်း၊ ဝေဖာချောင်းစသော မုန့်ထုပ် များတွင် Rhoda mine B, Orange II , Sudan III စသော ခွင့်မပြုသော ဆိုးဆေးများသုံးထားသည်ကို သက်ဆိုင်ရာက စစ်ဆေး တွေ့ရှိထားပါသည်။
ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ် မြို့ရွာအနှံ့တို့တွင် လည်း အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ အရည် အသွေးစိစစ်ထောက်ခံချက်မပါသည့် သောက်ရေသန့်များ တွင်ကျယ်စွာ ထုတ်လုပ်လျက်ရှိပါသည်။ ဈေးကွက်များအတွင်း PH 7 အဆင့်ရှိ သောက်ရေသန့်အမျိုးအစားသည် အလွန်နည်းပါး ကြောင်း ပညာရှင်များ၏လေ့လာမှုအရ သိရပါသည်။ အရည်အသွေး မမီသော သောက်ရေသန့်များသည် ကျန်းမာရေးကိုထိခိုက်နိုင်ပါ သည်။
အစားအသောက် ထုတ်ကုန်များကို ထုတ်လုပ်သည်ဖြစ်စေ၊ သောက်ရေသန့်များ၊ သောက်ရေသန့်ဘူးများ ထုတ်လုပ်ရောင်းချ သည်ဖြစ်စေ၊ ဖြန့်ဖြူးသည်ဖြစ်စေ မြန်မာနိုင်ငံအစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ စစ်ဆေးခွင့်ပြုချက်လိုအပ် မည်ဖြစ်ပါသည်။ တားမြစ်ချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက အမျိုးသားအစားအသောက် ဥပဒေ ပုဒ်မ ၂၈(က)အရ တရားစွဲဆို အရေးယူခံရမည် ဖြစ်ပါသည်။
သို့ပါ၍ မည်သည့်အစားအသောက်များ ထုတ်လုပ်သည်ဖြစ်စေ သက်ဆိုင်ရာ၏ အရည်အသွေးစစ်ဆေးမှုကိုရယူပြီး ဆိုးဆေးများ မသုံးဘဲ အရည်အသွေးအာမခံချက်ပြည့်ဝစွာဖြင့် ထုတ်လုပ်သင့် ပါကြောင်း။ ။

No comments:

Post a Comment