လှိုင်သာယာ ဖေဖော်ဝါရီ ၂၃
နှစ် (၇ဝ) ပြည့်တပ်မတော် နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်အမှတ် (၁၅) ရပ်ကွက်တွင်
အများပြည်သူသွားလာမှု လွယ်ကူ စေရန် ပေ ၅၆ဝဝ ရှိသော လမ်းပေါင်း ၁ဝ ရှိ
ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်း အနားကို ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီက
အဆိုပါရပ်ကွက်ရှိ မဉ္စူ လမ်းတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ကြောင်း
သိရသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဆွေဆွေလတ်၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝါဝါ ၊ ကျောက်မျက် ရတနာ ကုမ္ပဏီမန်နေဂျင်းဒါရိုက် တာ ဗိုလ်မှူးကြီးဌေးအောင်နှင့် ဇနီး ဒေါ်ခင်အုန်းစန်း၊ အလှူရှင် ဦးမင်း ဝေ၊ အလှူရှင် ဒေါ်နှင်းဆီထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ် (၁၃) အလယ်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက သူငယ်တော်ယိမ်းဖြင့်လည်းကောင်း၊ ရပ်ကွက် လူငယ်ဧရာမောင်အဖွဲ့မှ ဆင်အကဖြင့်လည်းကောင်း တက် ရောက်လာသော ဧည့်သည်များကို ဖျော်ဖြေခဲ့သည်။
သန်းထိုက်(လှိုင်သာယာ)

No comments:
Post a Comment