Tuesday, February 24, 2015

ချန်ပီယံပြန်ဖြစ်ဖို့ ကြိုးစားနေတဲ့ ရာဖေးလ်နာဒယ်



ကမ္ဘာကျော် တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်ဟာ ဖလားတွေနဲ့ လွဲချော်နေတာကြာပါပြီ။ ဒါပေမယ့် သူ့ရဲ့Rio Open ချန်ပီယံဆုကိုတော့ ပြန်ရဖို့ ကြိုးစားနေပါတယ်။
အကြို ဗိုလ်လုပွဲမှာတော့ ဥရု ဂွေးကစားသမား ပါမာလိုခရူးဗက် ကို အနိုင်ရလိုက်ပါတယ်။ ဂရင်း ဆလမ်ဖလား ၁၄ လုံး ဆွတ်ခူးခဲ့ တဲ့ ရာဖေးလ်နာဒယ်ဟာ ပထမပွဲ ငယ်မှာ ၆-၄ နဲ့ ရှုံးခဲ့ပေမယ့် နောက် ဆုံးမှာတော့ အနိုင်ကစားနိုင်ခဲ့ပါ တယ်။

စပိန်နိုင်ငံသား ရာဖေးလ်နာ ဒယ်ဟာ ဘရာဇီးနိုင်ငံ ရီယိုမြို့မှာ ကျင်းပနေတဲ့ ယခုပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံဖြစ်ပါတယ်။
ရာဖေးလ်နာဒယ် အနေဖြင့် ဂရင်းဆလမ်ဖလား ၁၄ လုံး အထိ ဆွတ်ခူးခဲ့တဲ့ တင်းနစ်အကျော်ဖြစ် ခဲ့ပေမယ့် အခုအခါမှာတော့ ကစား အားကျလာတာ တွေ့ရပါတယ်။ လက်ရှိချန်ပီယံစိတ်ဓာတ်နဲ့ ဥရု ဂွေး ကစားသမားပြိုင်ဘက်ကို အကြိတ် အနယ်ကစားပြီးမှ အနိုင်ရ ခဲ့တာပါ။

ရာဖေးလ်နာဒယ်အနေနဲ့ ရီယို ဖလား ပြန်လည်ရရှိအောင် ကစား နေတဲ့အပြင် ဂရင်းဆလမ် ဖလား တွေကိုလည်း ပြန်လည်ရရှိအောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ''ကျွန်တော်ဒီပွဲမှာ ချန်ပီယံဖြစ်ဖို့တင် မဟုတ်ပါဘူး။ ဂရင်းဆလမ်ဖလား တွေကိုလည်း ပြန်လည်ရယူဖို့ အကောင်းဆုံး ပြင်ဆင်နေပါတယ်'' လို့ စပိန်တင်းနစ်အကျော် ရာဖေးလ် နာဒယ်က ဆိုပါတယ်။
ကောင်းမြတ်သူ-စုစည်းသည်

No comments:

Post a Comment