Thursday, February 26, 2015

မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် လေယာဉ်လက်မှတ်ဝယ်ယူနိုင်မည်



ရန်ကုန် ဖေဖော်ဝါရီ ၂၅
ပွင့်လင်းလာသည့် ရာသီနှင့်အတူ ပြည်တွင်းပြည်ပခရီးသွားများ တိုးမြင့်လာသည့်အတွက် ခရီးသွားများ လွယ်ကူ အဆင်ပြေစေရန် မြန်မာတစ်နိုင်ငံလုံးရှိ မိုဘိုင်းလ်ဖုန်းအသုံးပြုနိုင်သော နေရာများအားလုံးတွင် မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် ငွေပေးချေမှုစနစ်ဖြင့် လေယာဉ်လက်မှတ်ဝယ်ယူနိုင်တော့မည်ဖြစ်သည်။
''ခရီးသွားများ အလုပ်တွေနဲ့ မအားလပ်လို့ပဲဖြစ်စေ၊ ခရီးသွားလာနေရလို့ပဲဖြစ်စေ၊ CB Mobile Banking ဝန်ဆောင်မှုနဲ့ မိုဘိုင်းလ်ဖုန်းကနေတစ်ဆင့် လေယာဉ်လက်မှတ်များ ဝယ်ယူလို့ရပါပြီ''ဟု ကိုလံဘတ်ခရီးသွားလုပ်ငန်းမှ ဈေးကွက်မန်နေဂျာ ဦးလှမျိုးက ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၃ နာရီတွင် ရန်ကုန်မြို့ CB Bank ရုံးချုပ်၌ ကျင်းပသည့် CB Bank နှင့် Columbus Travels တို့ ပူးပေါင်းဆောင်ရွက်သည့်CB Mobile Banking ငွေပေးချေမှုစနစ်ဖြင့် လေယာဉ်လက်မှတ်ဝယ်ယူနိုင်မည့် ဝန်ဆောင်မှုအသစ်မိတ်ဆက်ပွဲအခမ်းအနားတွင် ပြောကြားသည်။
ခင်မောင်ဝင်း(ကြေးမုံ)


No comments:

Post a Comment