Monday, February 2, 2015

တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ နေပြည်တော်သို့ ရောက်ရှိ

Photo: တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ နေပြည်တော်သို့ ရောက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၁

(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့  အထိမ်းအမှတ်အခမ်းအနားတွင်   တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများဖြင့်   ဖျော်ဖြေတင်ဆက်မည့် ကချင်ပြည်နယ်မှ ယဉ်ကျေးမှုအဖွဲ့ဝင်များသည် ယနေ့ညနေပိုင်းတွင် မော်တော်ယာဉ်ဖြင့် နေပြည်တော်ရှိ အမှတ်(၇)တည်းခိုရေးစခန်းရွာတော်သို့ ရောက်ရှိ လာကြသည်။

အဆိုပါ ယဉ်ကျေးမှုအဖွဲ့ဝင်များအား  ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရှိ အနုပညာဦးစီးဌာနမှ ဝန်ထမ်းများက ဒိုးပတ်ဝိုင်းများဖြင့် ကြိုဆိုကြသည်။

တနင်္သာရီတိုင်းဒေသကြီးမှ ယဉ်ကျေးမှုအဖွဲ့ဝင်များသည်လည်း ယနေ့ ညပိုင်းတွင် ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

တင်ထွန်းအောင်(သတင်းစဉ်)

No comments:

Post a Comment