Monday, February 2, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ)ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်

Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား 
တပ်မတော်(ကြည်း၊ ရေ၊ လေ)ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်

နေပြည်တော်      ဖေဖော်ဝါရီ       ၁

၂ဝ၁၄-၂ဝ၁၅ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲတွင် နေပြည်တော် ဂေါက်ကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။

ဖွင့်ပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊  ရေ၊ လေ)ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တီခုံအမှတ် (၁)၌ှSmoke Ball ကို ရိုက်၍ ဦးစွာဖွင့်လှစ်ပေးသည်။ 

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ကာကွယ်ရေး ဦးစီးချုပ်(လေ)တို့က Smoke  Ball ကိုရိုက်၍ ဖွင့်လှစ်ပေးကြသည်။

ယင်းနောက်  ပါဝင်ယှဉ်ပြိုင် ကစားကြမည့် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက  သတ်မှတ် တီခုံအသီးသီးတွင်  ပါဝင်ယှဉ်ပြိုင် ကစားကြသည်။

၂ဝ၁၄-၂ဝ၁၅ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား  တပ်မတော်(ကြည်း၊  ရေ၊  လေ) ဂေါက်သီးရိုက်ပြိုင်ပွဲကို ဇန်နဝါရီ ၃၁ ရက်မှစ၍ နေပြည်တော် ဂေါက်ကွင်းနှင့် ရေပြာဂေါက်ကွင်းတို့တွင် ကျင်းပလျက်ရှိပြီး ပြိုင်ပွဲဝင် အသင်း ၂ဝ သင်း  ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြောင်း သတင်းရရှိသည်။ (မြဝတီ)

No comments:

Post a Comment