Friday, February 27, 2015

ကည့်မြင်တိုင် မီးဘေးသင့်ပြည်သူများအတွက် ကျေးရွာပြန်လည်ထူထောင်တည်ဆောက်ရေး ထောက်ပံ့လှူဒါန်း






ရန်ကုန် ဖေဖော်ဝါရီ ၂၆



ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းဘလုတ် ညွန့်ရပ်ကွက် ကန်သာအေး(၁)လမ်း၌ မီးဘေးသင့်ဆုံးရှုံးခဲ့သော နေအိမ် ၁၆ဝ မှ မိသားစု ၂ဝဝ ကျော်အား ဖေဖော်ဝါရီ ၁၆ ရက်တွင် f Marga Landmark ၏ Dagon City 1 မှ အထောက်အကူ ပစ္စည်းများအပါ အဝင် စောင်နှင့်သောက်သုံးရေများ ကို ထောက်ပံ့ပေးခဲ့သည်။
''ကျွန်တော်တို့ မီးဘေးဒုက္ခသည် တွေရဲ့ အခက်အခဲတွေကို ပြေလည် စေချင်ပါတယ်။ တတ်နိုင်သလောက် ကူညီပေးချင်ပါတယ်။ ဘေးအန္တရာယ် နဲ့ ကြုံတွေ့ခဲ့ရတဲ့ ဒေသခံတွေအနေနဲ့ လုံခြုံစိတ်ချစွာသူတို့ရဲ့ လူနေမှုဘဝ တွေနဲ့ အိုးအိမ်အဆောက်အအုံတွေကို ပြန်လည်တည်ထောင်နိုင်ဖို့ ကျွန်တော် တို့အနေနဲ့ လျင်လျင်မြန်မြန်နဲ့အတတ် နိုင်ဆုံး ကူညီပေးဖို့လိုအပ်ပါတယ်''ဟုMarga Group ၏Director Mr. John Barnes က ပြောကြားသည်။
ယာယီကယ်ဆယ်ရေးစခန်းတည် ရှိရာ ကန်သာအေးဘုန်းတော်ကြီး ကျောင်းဓမ္မာရုံနှင့် ခါတော်မီ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတို့သို့ Marga Landmark မှ အကြီးတန်း အဖွဲ့နှင့် ဝန်ထမ်းများက အဝတ်အထည်၊ အစားအသောက်နှင့်လိုအပ် သောအထောက်အပံ့ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည်။
''ဒီလိုအဖြစ်အပျက်တွေ ကြားရ တာ စိတ်မကောင်း ဖြစ်မိပါတယ်။ ကျွန်မတို့ အတတ်နိုင်ဆုံးကူညီသွားဖို့ ရည်ရွယ်ပါတယ်။ ကျွန်မတို့ လုပ်ဖော် ကိုင်ဖက်များဆီက ငွေကျပ် လေးသိန်း ခန့် လက်ခံရရှိခဲ့ပါတယ်'' ဟု Dagon City 1 ၏ Admin Assistant Manager မဝတ်ရည်စိုးလှိုင်က ပြောသည်။ မီးဘေးသင့်ပြည်သူများအတွက် အထောက်အကူ ပစ္စည်းများအပြင်Marga Landmark က ငွေကျပ် ၁၂ သိန်းကို ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသုမနအား လှူဒါန်းခဲ့သည်။
(ကြေးမုံ)

No comments:

Post a Comment