Friday, February 27, 2015

လောက်ကိုင်ဒေသမှ တိုက်ပွဲရှောင်ပြည်သူများ နတ်တလင်းမြို့သို့ ရောက်ရှိ










နတ်တလင်း ဖေဖော်ဝါရီ ၂၆  


 ပဲခူးတိုင်းဒေသကြီး သာယာဝတီ ခရိုင် နတ်တလင်းမြို့သို့ ပြည်မြို့နယ် မော်တော်ယာဉ်ကြီးကြပ်မှုကော်မတီမှ ရုံးအုပ် ဦးစိုးတင့်ဦးဆောင်၍ ဒိုင်နာ ကားနှစ်စီးဖြင့် လောက်ကိုင်ဒေသမှ တိုက်ပွဲရှောင်လာသောပြည်သူတို့ သည် ယနေ့ညနေ ၄ နာရီ ၄၅ မိနစ် တွင် နတ်တလင်းမြို့သို့ ရောက်ရှိ လာရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော် လွင်နှင့် တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုကြပြီး နေရာချထားပေး၍ သက်ဆိုင်ရာဆွေမျိုးသားချင်းရှိသော ကျေးရွာများသို့ ကျေးရွာအုပ်ချုပ်ရေး မှူးများအားခေါ်ယူကာ ပို့ဆောင် ပေးခြင်း၊ ဟိတကာရီအသင်းမှလည်း ကားများဖြင့် ကျေးရွာများအရောက် ပို့ဆောင်ပေးခြင်း၊ မြို့နယ်အုပ်ချုပ် ရေးမှူးကလည်း တိုက်ပွဲရှောင် ပြည်သူများ၏ ကျန်းမာရေး၊ ပညာ ရေး၊ စားဝတ်နေရေး စသည့် လိုအပ်သည်များကို ဆက်လက်၍ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း အားပေးစကားပြောကြား သည်။ လောက်ကိုင်ဒေသ တိုက်ပွဲရှောင် ပြည်သူများထဲမှ တာပွန်ကျေးရွာ အုပ်စုမှ တစ်ဦး၊ ဖလံကုန်းကျေးရွာ အုပ်စုမှ တစ်ဦး၊ ဇီးပင်ကွေ့ကျေးရွာ အုပ်စုမှ လေးဦး၊ ကြိုးကြာကံကျေးရွာ အုပ်စုမှ ငါးဦးနှင့် ပန်းတင်ကြီး ကျေးရွာ အုပ်စုမှ ၃၁ ဦး စုစုပေါင်း ၄၂ ဦးရှိပြီး နေရပ်ဒေသများသို့ ချောမောစွာပြန်လည်ရောက်ရှိရေး သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများနှင့် ဆက်သွယ်ပေါင်းစပ် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
(ဝ၇၁)

No comments:

Post a Comment