Tuesday, February 24, 2015

လောက်ကိုင်ဒေသ၌ တိုက်ပွဲဝင်နေကြသော တိုက်ပွဲဝင်စစ်သည်တော်များ အတွက် အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်

 'လောက်ကိုင်ဒေသ၌ တိုက်ပွဲဝင်နေကြသော တိုက်ပွဲဝင်စစ်သည်တော်များ အတွက် အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်
========================

 နေပြည်တော်   ဖေဖော်ဝါရီ   ၂၃

လောက်ကိုင်ဒေသ၌ တိုက်ပွဲဝင်နေကြသော တိုက်ပွဲဝင်စစ်သည်တော်များ အတွက် အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ခြင်းများကို ယနေ့ နံနက်နှင့် ညဦးပိုင်းတွင် နေပြည်တော်ကောင်စီ ပျဉ်းမနားမြို့နယ် မဟာဝိသုတာ ရာမ(ဈေးကုန်းကျောင်းတိုက်)၌ ကျင်းပသည်။

တက္ကသိုလ်များ''ရေဆင်း''ပရဟိတအသင်းမှ ကျောင်းသား ကျောင်းသူများ ဦးဆောင်၍ လောက်ကိုင်ဒေသ၌ ကျဆုံးခဲ့သော တိုက်ပွဲဝင်စစ်သည်တော်များ အား ရည်စူးကာ ဆွမ်းဆက်ကပ်အမျှပေးဝေခြင်းများ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်ကျင်းပပြီး ညနေပိုင်းတွင် မဟာဝိသုတာရာမ(ဈေးကုန်းကျောင်း တိုက်)အပြင် ၁ဝ၈ ဆူ အောင်တော်မူစေတီတော်မြတ်၌ ဆီမီးထွန်းညှိပူဇော်၍ ဈေးကုန်းကျောင်းတိုက်ဆရာတော်  အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တကဝိသာရ ဦးဆောင်သော သံဃာတော်အပါး ၁၅ဝ က အမျှအတန်း ပေးဝေခြင်းနှင့် တိုက်ပွဲဝင်စစ်သည်တော်များအတွက် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်သည်။ 

တက္ကသိုလ်ကျောင်းသား ကျောင်းသူ ၄ဝဝ ကျော်ဖြင့် ဖွဲ့စည်းထားသော တက္ကသိုလ်များ ''ရေဆင်း''ပရဟိတအသင်းအနေဖြင့် လူငယ်များ၏ စာရိတ္တ ကြံ့ခိုင်ရေးနှင့်  ပရဟိတလူမှုအကျိုးဆောင်လုပ်ငန်းများ   စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။                          
သတင်း-ကိုကိုနေ
ဓာတ်ပုံ-ကိုမျိုး(ရွှေပေါက္ကံ)'

ဓာတ်ပုံ-ကိုမျိုး(ရွှေပေါက္ကံ)

No comments:

Post a Comment