Thursday, February 26, 2015

စတုတ္ထအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဆက်လက်ကျင်းပ



နေပြည်တော် ဖေဖော်ဝါရီ ၂၅
၂ဝ၁၅ခုနှစ် စတုတ္ထအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ဆက်လကကျင်းပရာ ဘောလုံး၊ မြန်မာ့သိုင်း၊ ပြေးခုန်ပစ်၊ ဘတ်စကက် ဘော၊ စားပွဲတင်တင်းနစ်၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့နှင့် ဘော်လီဘောပြိုင်ပွဲများကို နေပြည်တော်ရှိ သတ်မှတ်ထားသည့် နေရာများ၌ ယှဉ်ပြိုင်ကြသည်။
ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်း-၁ ၌ အမျိုးသမီးသံလုံးပစ်၊ အမျိုးသားသုံးဆင့်ခုန်၊ အမျိုးသမီး မီတာ၁ဝဝ တန်းကျော်၊ အမျိုးသား မီတာ၁၁ဝ တန်းကျော် ပြိုင်ပွဲများကို ကျင်းပရာ အမျိုးသမီးသံလုံးပစ်ပြိုင်ပွဲတွင် နော်ရီရီသန့်(ကရင်)က ၁၁ ဒသမ ၇၄ မီတာဖြင့် ပထမ၊ စိုးစိုးထွေး(မကွေး)က ၁၁ ဒသမ ၄၄ မီတာဖြင့် ဒုတိယ၊ အေးမွန်ခင်(နေပြည်တော်)က ၁၁ ဒသမ ၃၆မီတာဖြင့် တတိယ၊ အမျိုးသားသုံးဆင့်ခုန်ပြိုင်ပွဲတွင် အေးချမ်းပိုင် (ရန်ကုန်)က ၁၃ ဒသမ ၆၉ မီတာဖြင့် ပထမ၊ အောင်ကျော် မင်း(မကွေး)က ၁၃ ဒသမ ၆၅ မီတာဖြင့် ဒုတိယ၊ ဇင်ကိုကို (ပဲခူး)က ၁၃ ဒသမ ၃၈မီတာဖြင့် တတိယ၊ အမျိုးသမီးမီတာ ၁ဝဝ တန်းကျော်ပြိုင်ပွဲတွင် မိုးမိုးမြင့်(မန္တလေး)က ၁၅ ဒသမ ၆၇ စက္ကန့်ဖြင့် ပထမ၊ နှင်းဝတ်ရည် (မန္တလေး)က ၁၆ ဒသမ ၅၁ စက္ကန့်ဖြင့် ဒုတိယ၊ မြင့်မြင့်ဝင်း(ဧရာဝတီ)က ၁၇ ဒသမ ၅၄ စက္ကန့်ဖြင့် တတိယ၊ အမျိုးသားမီတာ ၁၁ဝ တန်းကျော်ပြိုင်ပွဲတွင် စိုးမိုးဝင်း(မကွေး)က ၁၅ ဒသမ ၄၇ စက္ကန့်ဖြင့် ပထမ၊ ကျော်မျိုးမင်း(ရန်ကုန်)က ၁၅ ဒသမ ၅၉ စက္ကန့်ဖြင့် ဒုတိယ၊ ဇွဲထက်နောင် (မကွေး)က ၁၅ ဒသမ ၈၁ စက္ကန့်ဖြင့် တတိယရရှိကြသည်။
အမျိုးသမီးဘောလုံးအကြိုဗိုလ်လုပွဲကို လေ့ကျင့်ရေး ကွင်း-၃ ၌ ကျင်းပရာ နေပြည်တော်က ဧရာဝတီကို (၂-၁) ဂိုးဖြင့်လည်းကောင်း၊ ရန်ကုန်က ရှမ်းကို ပွဲပြီးခါနီး နာကျင် အချိန်ပို၌ အနိုင်ဂိုးသွင်းကာ (၁-ဝ)ဂိုးဖြင့်လည်းကောင်း အနိုင်ရကာ ဗိုလ်လုပွဲတက်ရောက်ကြသည်။ အမျိုးသား ဘောလုံးအကြိုဗိုလ်လုပွဲကို ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ ကရင်က ချင်းကို (၂-၁)ဂိုးဖြင့်လည်းကောင်း၊ မန္တလေးက ပဲခူးကို ပယ်နယ်တီအဆုံးအဖြတ်တွင် (၅-၃) ဂိုးဖြင့် လည်းကောင်း အနိုင်ရကာ ဗိုလ်လုပွဲတက်ရောက် ကြသည်။
ဘတ်စကက်ဘောပြိုင်ပွဲကို လေ့ကျင့်ရေးကွင်း၌ ကျင်းပရာ အမျိုးသားပွဲစဉ်တွင် ကချင်က ကရင်ကို (၆၅-၃၈) မှတ်ဖြင့်လည်းကောင်း၊ ရှမ်းက ရန်ကုန်ကို (၇ဝ-၅၅)မှတ် ဖြင့်လည်းကောင်း အမျိုးသမီးပွဲစဉ်တွင် ဧရာဝတီက မန္တလေးကို (၅၂-၂၅)မှတ်ဖြင့်လည်းကောင်း၊ ပဲခူးက မကွေး ကို (၇၁-၂ဝ)မှတ်ဖြင့်လည်းကောင်း၊ ရှမ်းက မွန်ကို (၅၄-၅ဝ) မှတ်ဖြင့်လည်းကောင်း အနိုင်ရကြသည်။
ဘော်လီဘောအမျိုးသားရှုံးထွက်ပြိုင်ပွဲများကို နံနက် ၈နာရီတွင် လေ့ကျင့်ရေးကွင်း၌ ကျင်းပရာ ရှမ်းက ပဲခူးကို (၃-ဝ)ပွဲဖြင့်လည်းကောင်း၊ ရန်ကုန်က ဧရာဝတီကို (၃-ဝ)ပွဲ ဖြင့်လည်းကောင်း၊ စစ်ကိုင်းက မန္တလေးကို (၃-၂)ပွဲဖြင့် လည်းကောင်း၊ ရခိုင်က မွန်ကို (၃-ဝ)ပွဲဖြင့်လည်းကောင်း အနိုင်ရကြပြီး အကြိုဗိုလ်လုပွဲ တက်ရောက်ကြသည်။
ပိုက်ကျော်ခြင်းပြိုင်ပွဲ သုံးယောက်တွဲအဖွဲ့လိုက်ဗိုလ် လုပွဲစဉ်များကို နံနက် ၈နာရီ တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ ကျင်းပရာ အမျိုးသမီးပွဲစဉ်တွင် ပဲခူးက ရန်ကုန်ကို (၂-ဝ)ပွဲဖြင့်လည်းကောင်း၊ အမျိုးသားပွဲစဉ်တွင် ရခိုင်က မန္တလေးကို (၂-ဝ)ပွဲဖြင့် လည်းကောင်း အနိုင်ရဗိုလ်စွဲ ကြသည်။
လက်ဝှေ့ပြိုင်ပွဲများကို မွန်းလွဲ ၂နာရီတွင် ဝဏ္ဏသိဒ္ဓိ လက်ဝှေ့အားကစားရုံ၌ ကျင်းပရာ အမျိုးသား ၄၉ ကီလိုတန်း တွင် မင်းခိုင်(ရှမ်း)ကလည်းကောင်း၊ ၅၂ ကီလိုတန်းတွင် ချစ်ရင်ထူး(ပဲခူး)ကလည်းကောင်း၊ ၅၆ ကီလိုတန်းတွင် နိုင်လတ် (ဧရာဝတီ)၊ ဘော်ဇာ(စစ်ကိုင်း)နှင့် စောလှအောင် (ကရင်)တို့ကလည်းကောင်း၊ ၆ဝ ကီလိုတန်းတွင် ဖြိုးမောင် မောင်(ဧရာဝတီ)၊ အောင်ပြည့်ဖြိုး(မွန်)နှင့် ထွန်းထွန်းဦး (ရခိုင်)တို့က လည်းကောင်း၊ ၆၄ ကီလိုတန်းတွင် ထက်အာကာနိုင်(စစ်ကိုင်း)နှင့် မိုးဇော်ထက် (မန္တလေး)တို့ က လည်းကောင်း၊ ၆၉ကီလိုတန်းတွင် ရဲလင်းထွန်း(မန္တလေး) နှင့် မျိုးကျော်သူ(ဧရာဝတီ)တို့ကလည်းကောင်း၊ ၇၅ ကီလို တန်းတွင် ဝေလင်းအောင် (ရှမ်း)က လည်းကောင်း အသီးသီးအနိုင်ရကြသည်။
ဖူဆယ်ပြိုင်ပွဲကို ဖူဆယ်အားကစားရုံ၌ ကျင်းပရာ အမျိုးသမီးအကြိုဗိုလ်လုပွဲစဉ်တွင် ပဲခူးက ရှမ်းကို (၅-၁) ဂိုးဖြင့်လည်းကောင်း၊ မန္တလေးက ဧရာဝတီကို (၅-၂) ဂိုးဖြင့်လည်းကောင်း အနိုင်ရကာ ဗိုလ်လုပွဲ တက်ရောက်ကြပြီး အမျိုးသားဗိုလ်လုပွဲတွင် ကချင်က စစ်ကိုင်းကို (၄-ဝ)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
သတင်းနှင့်ဓာတ်ပုံ ကိုကိုစိုးညွန့်


No comments:

Post a Comment