Sunday, February 1, 2015

အလွယ်တကူဖြုတ်တပ်လဲလှယ်နိုင်သော Google Ara Modular ဖုန်း

Photo: အလွယ်တကူဖြုတ်တပ်လဲလှယ်နိုင်သော Google Ara Modular ဖုန်း

Google ATAP  ဌာနခွဲ၏ဖော်ပြချက်အရ Googleက
စွမ်းဆောင်ရည်မြင့်Modular  ဖုန်း အသစ်တစ်မျိုး
ကို လာမည့် ဇွန်လတွင် ပေါ်တိုရီကိုနိုင်ငံသို့ စတင်ဖြန့်ဖြူး
ရောင်းချသွားမည်ဟု အတည်ပြုပြောကြားခဲ့သည်။ ယင်းဖုန်း၏ထူးခြားချက်မှာ အစိတ်အပိုင်းများကို ဖြုတ်တပ်
လဲလှယ်နိုင်ပြီး ကုမ္ပဏီအနေဖြင့် ယင်းထုတ်လုပ်မှုကို စီမံကိန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 

Modular ဖုန်းများတွင်    ကင်မရာ၊Memory၊ 
Processor စပီကာအပြင် အခြားအစိတ်အပိုင်းများ 
ဖြုတ်တပ်လဲလှယ်နိုင်သည့်အတွက် ဖုန်း၏Processor
ကိုအဆင့်မြှင့်ပြီး    လဲလှယ်လိုလျှင် ဖုန်းအသစ်တစ်လုံး
ထပ်မံဝယ်ရန် မလိုအပ်ဘဲ Processor အသစ်ကိုပြောင်း
လဲတပ်ဆင်နိုင်မည်ဖြစ်သကဲ့သို့ အခြားအစိတ်အပိုင်းများ အားလုံးကိုလည်း ထိုနည်းဖြင့်ပင် အဆင့်မြှင့်တင်နိုင်
မည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်း
စီမံချက်ကို Motorola  ကုမ္ပဏီက မူလအစပြုခဲ့သော်လည်း 
Google ကMotorola  ကုမ္ပဏီကို ဝယ်ယူလိုက်သော
အခါ Motorola  ၏     အဆင့်မြင့်နည်းပညာရပ်များ စီမံချက်အဖွဲ့အစည်းများအားလုံးလည်းGoogle 
လက်အောက်သို့ ရောက်ရှိလာခဲ့ပြီး ယင်းစီမံချက်ကို  ငွေကုန်
ကြေးကျများစွာ အကုန်အကျခံ၍ ဆက်လက် အကောင်
အထည်ဖော်ခဲ့သည်။ 

ကယ်လီဖိုးနီးယားပြည်နယ်တွင်ပြုလုပ်ခဲ့သော  နှစ်ပတ်
လည်အစည်းအဝေးတွင်  Modular  ဖုန်းနမူနာအပြင် ယင်းဖုန်းတွင် ထည့်သွင်းပေးမည့် Ara Manager  App    နှင့် အသုံးပြုသူများ၏ လိုအပ်ချက်နှင့်အညီ တပ်ဆင်
ရမည့် ဖုန်းအစိတ်အပိုင်းများကို ရွေးချယ်ပေးနိုင်သောAra Configurator အပြင်Spiral  ၂ နမူနာဖုန်းကိုပါ 
ထည့်သွင်းပြသသွားခဲ့သည်။ နောက်
ထပ်ဆက်လက်ထွက်ရှိလာမည့်Sprial 3သည်4G ဆက်သွယ်မှုကို 
များစွာအထောက်အကူပြုပြီး အခြား
အဖွဲ့အစည်းများမှထုတ်လုပ်သော ဖုန်းအစိတ်အပိုင်းများကိုလည်း  အသုံး
ပြုနိုင်မည်ဖြစ်သည်။ 

သို့သော် ဈေးကွက်ကို အမေရိကန်
တွင်မစတင်ဘဲ ပေါ်တိုရီကိုနိုင်ငံတွင် စတင်ရန်ကြိုးပမ်းမှုမှာ ဈေးကွက်
အနေအထားကြောင့်သာဖြစ်ပြီး ၂ဝ၁၅ ခုနှစ်အတွင်း  ယင်းဖုန်းကို   အကန့် အသတ်ဖြင့်သာ  ရောင်းချသွားမည်ဟု ကြေညာခဲ့သည်။   

          မေလဲ့သင်း

No comments:

Post a Comment