Saturday, February 28, 2015

FED မှ မြန်မာရွှေ့ပြောင်းအလုပ်သမားကလေးများနှင့်အမေရိကန်ကျောင်းမှ ကျောင်းသားများအတွေ့အကြုံဖလှယ်



ဖန်င ဖေဖော်ဝါရီ ၂၇

ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း FED မှ ဖွင့်လှစ်ထားသော မြန်မာရွှေ့ပြောင်းအလုပ်သမား ကလေးများ ကျောင်းမှ ကျောင်းသား ကျောင်းသူ ကလေးများနှင့်နယ်သာလန်နိုင်ငံသည်ဟိဂ်မြို့ရှိ အမေရိကန်ကျောင်းမှ ကျောင်းသား ကျောင်းသူကလေးများ၏အတွေ့အကြုံ ဆွေးနွေးဖလှယ်ခြင်းအစီအစဉ်ကို ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၆ ရက်ထိ ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း FED (ULC)ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက်ပညာရေးဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း FED မှ သိရသည်။

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အမေရိကန်ကျောင်းမှာ ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း FEDမှ ဖွင့်လှစ်ထားသော မြန်မာရွှေ့ပြောင်းအလုပ်သမား ကလေးထိန်းကျောင်းအား ကူညီထောက်ပံ့ပေးနေခြင်းဖြစ်ပြီး ကျောင်းသား ကျောင်းသူများ၏အတွေ့အကြုံဖလှယ် ဆွေးနွေးအစီအစဉ်၌ အဆိုပါ နယ်သာလန်နိုင်ငံသည်ဟိဂ်မြို့ရှိ အမေရိကန် ကျောင်းမှ ကျောင်းသား ကျောင်းသူ ၁၉ ဦးအပါအဝင် ဆရာမသုံးဦးတို့မှ ထိုင်းနိုင်ငံတောင်ပိုင်း ခေါင်လတ်ကမ်းခြေရှိ တည်းခိုခန်း၌ တည်းခိုနေထိုင်ကာ ၄င်းတို့၏ အတွေ့အကြုံများ အတွက် လာရောက်ဆွေးနွေးဖလှယ်ရယူကြခြင်းလည်း ဖြစ်သည်။
ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း FEDမှ ဒါရိုက်တာ ဦးထူးချစ်က ''ကမ္ဘာ့အဆင့်မီ ကျောင်းတစ်ကျောင်းက ကျောင်းသား ကျောင်းသူများနဲ့အခုလို ရင်းနှီးတွေ့ဆုံခွင့်ရတာက ကျွန်တော်တို့ မြန်မာရွှေ့ပြောင်းကလေးတွေအတွက် အများကြီးဗဟုသုတရစေပါတယ်။

 သူတို့အနေနဲ့ကတော့ ကျွန်တော်တို့အလုပ်သမား တွေရဲ့အခြေအနေ၊ လူ့အခွင့်အရေး အခြေအနေတွေ မေးခဲ့ပါတယ်။အဓိကကတော့ သူတို့နိုင်ငံရဲ့ နိုင်ငံရေး၊ပညာရေးစနစ်တွေနဲ့ တခြားအထွေထွေကိစ္စတွေကို ရှင်းပြသွားတာပေါ့နော်။ ကျွန်တော်တို့ ကလေးတွေကလည်း သိချင်တာရှိတာတွေမေးတာပေါ့။ American School of the Hagueက ကျောင်းသား ကျောင်းသူများနဲ့ အခုလိုအတွေ့အကြုံဖလှယ်ပွဲလုပ်တာ အခုဆိုရင် တစ်နှစ်တစ်ကြိမ်နှုန်းနဲ့ ငါးနှစ်ဆက်တိုက်ရှိပါပြီ။သူတို့နိုင်ငံခြားက ကျောင်းသား ကျောင်းသူများအနေနဲ့လည်း ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်စားသောက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကိုလည်း လေ့လာခွင့်ရခဲ့ကြတာပေါ့'' ဟု ပြောသည်။
စိုးဝင်း (SP)

No comments:

Post a Comment