Thursday, February 26, 2015

လောက်ကိုင်ဒေသမှ တိမ်းရှောင်လာသော ဌာနဆိုင်ရာနှင့်မိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့မိသားစုဝင်များအား ထောက်ပံ့ပစ္စည်းများထုတ်ပေးလျက်ရှိ



လားရှိုး ဖေဖော်ဝါရီ ၂၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ကျော်ထွန်း(၂)နှင့် ဝန်ထမ်း များသည် ပြည်နယ် ဒုတိယအုပ်ချုပ် ရေးမှူး ဦးစိန်အုပ်၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့ မိသားစုဝင် များ စုစုပေါင်း ၂၁၉၃ ဦးအတွက် ကျားဝတ်လုံခြည်၊ မဝတ်လုံခြည်၊ စောင်၊ ပဝါ၊ ဒန်အိုး၊ ဇလုံ၊ တီရှပ်၊ ခြင်ထောင် နှင့်ဆပ်ပြာ၊ ပစ္စည်း ကိုးမျိုး၊ တန်ဖိုး ငွေကျပ် ၄၆၅၆၃၉၆၉ ကို ထုတ်ပေး လျက်ရှိသည်။
အလားတူ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန လားရှိုးမြို့ ခေတ္တပြည်နယ် ဦးစီးမှူး ဦးကြည်နိုင်က အနီးကပ် ကြီးကြပ်၍ လားရှိုးယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ၊ ယာဉ်အသင်းများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းညှိနှိုင်းပြီး နေရပ်ပြန် ပညာရေးဝန်ထမ်းများ၊ အလုပ်သမား နှင့်မိသားစုဝင်များအား လားရှိုးမြို့မှ မန္တလေးမြို့သို့ မော်တော်ယာဉ်များဖြင့် စီစဉ်ပို့ဆောင်ပေးခဲ့ရာ ဖေဖော်ဝါရီ ၂၅ ရက်အထိ စုစုပေါင်း မော်တော်ယာဉ် ၂၁၁ စီး၊ ပညာရေးဝန်ထမ်နှင့် အလုပ်သမားမိသားစုဝင်များ စုစုပေါင်း ၉၂၃၇ ဦးတို့အား အခမဲ့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
(ဝေလင်း)


No comments:

Post a Comment