Tuesday, February 24, 2015

ကျောင်းသားလူငယ်များ၏ အနာဂတ်အတွက် ကျောင်းစာကြည့်တိုက်လုပ်ငန်းများ ပိုမိုတိုးတက်ရန် ဆောင်ရွက်လျက်ရှိ





နေပြည်တော် ဖေဖော်ဝါရီ ၂၃

ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂ဝ)ရက်မြောက် နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် အမျိုးသား လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်း ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၂) မှ ဦးဆလိုင်းခွဲယန် ၏ အခြေခံပညာအဆင့် အထက်တန်းကျောင်း များတွင် ကျောင်းစာကြည့်တိုက်များပေါ်ထွန်းရေး နှင့် ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလေးထားဆောင်ရွက် ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်
စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးရာတွင် တပ်မတော် သား ကိုယ်စားလှယ် ဗိုလ်မှူး ကျော်နုမော်က စာကြည့်တိုက်များ သည် ကျောင်းသားများနှင့် ပြည်သူတစ်ရပ်လုံး၏ ပညာ ဗဟုသုတရှာရာ နေရာတစ်ခုဖြစ်ပါ ကြောင်း၊ စာဖတ်သည့် အလေ့အကျင့် ကောင်းများရရှိအောင် လေ့ကျင့်ပေး နိုင်သည့် နေရာတစ်ခုဖြစ်ပါကြောင်း၊ စာဖတ်မှသာ အသိÓဏ်ပညာဖွံ့ဖြိုး တိုးတက်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စာသင်ကျောင်းများတွင် ကျောင်း စာကြည့်တိုက်များ ထားရှိခြင်းဖြင့် ဗလငါးတန် ပြည့်ဝသည့် ကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးနိုင်မည် ဟု ယုံကြည်ပါကြောင်း၊ ကျောင်းများ တွင် စာကြည့်တိုက် ထူထောင်မည် ဆိုပါက နှစ်စဉ်ရန်ပုံငွေလျာထား သတ်မှတ်ပေးရမည်ဖြစ်ပြီး အွန်လိုင်း စာကြည့်တိုက်အဖြစ် ဆောင်ရွက်နိုင် ရန်လည်း လိုအပ်ပါကြောင်းဖြင့် ဆွေးနွေးသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဦးသိန်းလှိုင်က စာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်မှု နှေးကွေး နေခြင်းသည် စာကြည့်တိုက်မှူးများ ၏ ဆောင်ရွက်မှုအားနည်းခြင်းနှင့် စာဖတ်သူအားနည်းခြင်းတို့ကြောင့် ဖြစ်သည်ဟု လေ့လာတွေ့ရှိရပါ ကြောင်း၊ ကျေးလက်ဒေသများတွင် စာဖတ်ခြင်းအလေ့အထ နည်းပါးပါ ကြောင်း၊ ထို့ကြောင့် ကျောင်းသား အရွယ်မှစ၍ စာဖတ်သည့် အလေ့ အကျင့်ကောင်းများရရှိစေရန် စာသင် ကျောင်းများတွင် စာကြည့်တိုက်များ ထားသင့်ပါကြောင်းဖြင့် ဆွေးနွေးသည်။

တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးနေအောင်ဦးက ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံဖြစ်ရန် ပညာရေး ကဏ္ဍကို မြှင့်တင်ရမည်ဖြစ်ပါကြောင်း၊ ပညာခေတ်ဖြစ်သည့်အတွက် လူသား အရင်းအမြစ်များ တိုးတက်အောင် ပညာရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံသင့်ပါ ကြောင်း၊ မြန်မာနိုင်ငံရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း (၄)သောင်းကျော်ရှိပြီး အဆိုပါကျောင်း များတွင်ရှိသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန် လူမှုအဖွဲ့ အစည်းများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းဆောင်ရွက်ပေးရမည်ဖြစ်ပြီး အစိုးရပိုင်းကလည်း လိုအပ်သည့် ပံ့ပိုးမှုများ ပေးရမည်ဖြစ်ပါကြောင်း၊ ပညာရေးသည် ရေရှည်ရင်းနှီးမြှုပ်နှံရ သည့် ကိစ္စရပ်တစ်ခုဖြစ်သည့်အတွက် ဘတ်ဂျက်မလုံလောက်မှုကို မကြည့် ဘဲ ကျောင်းသားများ စာဖတ်ရှိန် မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးရ မည်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးသည်။

ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၃)မှ ဦးဘိုးရယ်က အနာဂတ် နိုင်ငံ့ သားကောင်းရတနာများ မွေးထုတ်ပေး ရာတွင် အခြေခံပညာကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိက အရေးကြီးပါကြောင်း၊ ကျောင်းသား ကျောင်းသူများတွင် သိရှိလိုစိတ်၊ လေ့လာလိုစိတ် ရှိကြပါကြောင်း၊ ထို့ကြောင့် ကျောင်းသားများအား စာပေကောင်းများ ဖတ်ရှုစေလိုပါ ကြောင်း၊ ကျောင်းစာကြည့်တိုက်များ တွင် စာအုပ်ကောင်းများ ဖတ်ရှုခွင့် ရရှိသည့် ကျောင်းသားများသည် မိတ်ဆွေကောင်း၊ ဆရာကောင်း ရရှိသကဲ့သို့ဖြစ်ပါကြောင်း၊ ပညာရေး ဆိုသည်မှာ နက်နဲကျယ်ပြန့်ကာ အမြဲ ဖြည့်ဆည်းပေးကြရမည်ဖြစ်ပြီး ကျောင်း စာကြည့်တိုက်လုပ်ငန်းသည်လည်း ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်း ဖြစ်ပါကြောင်း၊ စာကြည့်တိုက်များ သည် ပညာဟင်းလေးအိုးကြီးဖြစ်ပြီး ပညာရေးကဏ္ဍ၏ အထောက်အပံ့ တစ်ခုဖြစ်ပါကြောင်းဖြင့် ဆွေးနွေးသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါ်ခင်ဝိုင်းကြည်က လူတစ်ဦးသည် အသိမှန်မှ ဆုံးဖြတ် ချက်မှန်မည်ဖြစ်ပါကြောင်း၊ အလိမ္မာ စာမှာရှိဟု ဆိုသော်လည်း ယနေ့ခေတ် တွင် အဆိပ်အတောက်ဖြစ်စေသော စာပေများလည်းရှိပါကြောင်း၊ ထို့ကြောင့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းစာကြည့်တိုက်တွင် ထားရှိ မည့် စာပေများသည် အဆင့်အတန်း ရှိသော စာပေများဖြစ်သင့်ပါကြောင်း၊ နိုင်ငံအနေဖြင့် စာကြည့်တိုက်ဖွံ့ဖြိုး ရေးကို ဆောင်ရွက်ပေးသင့်ပါကြောင်း ဖြင့် ဆွေးနွေးသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးအောင်ချိုဦးက ကျောင်းစာကြည့်တိုက်များသည် အဆိုရှင်တင်ပြသည့်အတိုင်း သင်ယူမှု ဝန်းကျင်ဖြစ်ပါကြောင်း၊ စာကြည့် တိုက်များ၏ အောင်မြင်မှုသည် နေ့စဉ် ရှင်သန်မှုကို ကြည့်ခြင်းအားဖြင့် သိရှိ နိုင်ပါကြောင်း၊ ပညာရေး၊ အလုပ် အကိုင်အခွင့်အလမ်း စသည့်လိုအပ် သည့် အချက်အလက်များ စာကြည့် တိုက်တွင် ရရှိနိုင်အောင် ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ အထက်တန်း ကျောင်းများ၏ စာကြည့်တိုက်ဖွံ့ဖြိုးမှု ကိုလည်း နည်းမျိုးစုံဖြင့် ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အသက်အရွယ်အလိုက် ဖတ်ရှုနိုင် သည့် စာပေများကို စာကြည့်တိုက် များတွင် ထားရှိသင့်ပါကြောင်း၊ စာကြည့်တိုက်များကို တက္ကသိုလ်ဟု တင်စားခေါ်ဝေါ်ကြပါကြောင်း၊ စာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာများနှင့် ပေါင်းစပ်ဆောင် ရွက်သွားရမည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးသည်။

အဆိုနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်း က ပညာရေးဝန်ကြီးဌာနလက်အောက် ရှိ အခြေခံပညာဦးစီးဌာနများ၏ နယ် မြေ၊ တိုင်းဒေသကြီး/ပြည်နယ်အတွင်း ရှိ အခြေခံပညာအထက်တန်းကျောင်း များတွင် သင်ကြားသင်ယူမှု ထိရောက် အောင်မြင်ရေးအတွက် ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများ လေ့လာဆည်းပူးနိုင်ရန် ကျောင်း စာကြည့်တိုက်များကို ဖွင့်လှစ်ထား ရှိပြီး ဖြစ်ပါကြောင်း။
ကျောင်းစာကြည့်တိုက်များ၌ ကျောင်း သား ကျောင်းသူများကို ကျောင်း စာသင်ချိန်နှင့် ပုံမှန်လှုပ်ရှားမှုများ၏ ပြင်ပအားလပ်ချိန်များတွင် စည်းကမ်း တကျ လေ့လာဖတ်ရှုစေပါကြောင်း၊ ကျောင်းအင်္ဂါရပ်များနှင့် ကိုက်ညီသော စာကြည့်တိုက်များ ဖွင့်လှစ်ထားရှိပါ ကြောင်း၊ အခြေခံပညာကျောင်းများရှိ ကျောင်းစာကြည့်တိုက်များ ရှင်သန် ဖွံ့ဖြိုးရေးအတွက် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိအောင် စည်းရုံးပညာပေးဆွေးနွေးခြင်း၊ စာသင် ကျောင်းများသို့ Mobile Library များ မပြတ်သွားရောက်ဖွင့်ပေးခြင်း၊ အခြေခံပညာစာကြည့်တိုက်သင်တန်း များတွင် ပညာရေးဝန်ကြီးဌာနမှ ဆရာ ဆရာမများအား တက်ရောက် စေခြင်းတို့ကို ပြန်ကြားရေးဝန်ကြီး ဌာနကလည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

သို့ဖြစ်ပါ၍ ပညာရေးဝန်ကြီးဌာန အနေဖြင့် အမျိုးသားပညာရေးရည်မှန်း ချက်များအရ နိုင်ငံ၏ ကျောင်းသား လူငယ်များ၏ အနာဂတ်အတွက် မှန်ကန်သော ရည်ရွယ်ချက်ဖြင့် ဆောင် ရွက်ပေးနေသော လုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကျောင်း စာကြည့်တိုက်လုပ်ငန်းများ ပိုမို တိုးတက်ရန် ပြန်ကြားရေးဝန်ကြီးဌာန နှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် အဆိုအား မှတ်တမ်းတင်သင့်ပါကြောင်းဖြင့် ရှင်းလင်းဆွေးနွေးသည်။
ယင်းအဆိုကို အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည်ပြု ကြောင်း ဆုံးဖြတ်သည်။

(သတင်းစဉ်)
 

No comments:

Post a Comment