Wednesday, February 25, 2015

ကျောက်တံခါးမြို့နယ်တွင်မိရိုးဖလာဒေသသုံး ပုတ်များ နယ်လှည့် ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရ


Photo: ကျောက်တံခါးမြို့နယ်တွင်မိရိုးဖလာဒေသသုံး ပုတ်များ နယ်လှည့် ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရ

ကျောက်တံခါး ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာ
အုပ်စု ဇီးကုန်းကျေးရွာမှထွက်ရှိသော မိရိုးဖလာပုတ်ရက်လုပ်ငန်းမှာ ထင်
ရှားသည်။ မိသားစုတစ်ပိုင်တစ်နိုင်ဖြင့် ကျောက်တံခါးမြို့နယ်ဒေသ
တစ်ဝိုက်ရှိ ကျေးလက်ဒေသများသို့ နွားလှည်းဖြင့်ပုတ်များ ရောင်းချခြင်း
ကြောင့် စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

''ကျွန်တော်တို့ဇီးကုန်းရွာမှာ လက်မှုလုပ်ငန်းဖြင့် အများဆုံး လုပ်ကိုင်ကြပါတယ်။ မိသားစု တစ်ပိုင်တစ်နိုင် ပုတ်များကို အရွယ်အစားအလိုက် ရက်လုပ်ကြပါတယ်။ ငါးဆယ်တင်းပုတ်၊ နှစ်ဆယ့်ငါးတင်း ပုတ်၊ ဆယ့်နှစ်တင်းခွဲပုတ်နဲ့ခြောက် တင်းဆန့်သော ပုတ်မျိုးစုံရက်လုပ်ကြပါတယ်။ အခုအချိန်မှာ တောင်သူ
တွေ စပါးတလင်းပြီးပြီမို့ ဝမ်းစာစပါး၊ မျိုးစပါး၊ ပဲမျိုးစုံနဲ့ဆန်များထည့်ဖို့အတွက် တောင်သူတွေအများဆုံး ဝယ်ယူကြပါတယ်။ 
 
ပုတ်တောင်းတွေရဲ့ ဈေးနှုန်းက အမျိုးမျိုးရှိပြီး ရောင်းဈေးမှာ စပါးငါးဆယ်တင်းပုတ်ကို ကျပ် ၈ဝဝဝ၊ စပါးနှစ်ဆယ့်ငါးတင်းပုတ်ကို ကျပ် ၅ဝဝဝ၊ ဆယ့်နှစ်တင်းခွဲပုတ်ကို သုံးထောင့်ငါးရာကျပ်
နဲ့ ခြောက်တင်းပုတ်ကို နှစ်ထောင်ကျပ်ဆိုပြီး ရောင်းချပါတယ်။ ဝယ်ယူသူ
တွေအနေနဲ့ ဝမ်းစာစပါး၊ ဆန်၊ ပဲမထည့်မီ ပုတ်ကို နွားချေးနဲ့
ရေရောနယ်ပြီး ပုတ်ကိုသုတ်လိမ်းနေပူလှန်းရပါတယ်။ ခြောက်သွား
ပြီးဆိုပါက ကြိုက်နှစ်သက်ရာ ဆန်စပါးကအစ ထည့်လို့ရပြီး ပိုးကိုက်
ခြင်း၊ ပိုးထိုးခြင်းမရှိလို့ တောင်သူတွေ အနေနဲ့ မိရိုးဖလာသုံးပုတ်ကို အများ
ဆုံးသုံးစွဲကြပါတယ်။ 

ကျွန်တော်တို့မိသားစု လှည်းပေါ်မှာ ပုတ်တွေတင်ပြီး ရွာကနေ မနက်
အစောကြီးထွက်၍ နေ့ချင်းပြန် သို့မဟုတ် တစ်ညအိပ် နယ်လှည့်ရောင်းချ
ရတာ ပျော်လည်းပျော်ပါတယ်။ မိသားစု စားဝတ်နေရေးအတွက်
လည်း တွက်ခြေကိုက်လို့ အဆင်ပြေမှုရှိပါတယ်''ဟု ဇီးကုန်းရွာမှ နယ်လှည့်
ပုတ်ရောင်းချသူ ဦးမောင်ဌေးမှပြောသည်။ 

ခင်ကို(ကျောက်တံခါး)
ကျောက်တံခါး ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာ အုပ်စု ဇီးကုန်းကျေးရွာမှထွက်ရှိသော မိရိုးဖလာပုတ်ရက်လုပ်ငန်းမှာ ထင်ရှားသည်။ မိသားစုတစ်ပိုင်တစ်နိုင်ဖြင့် ကျောက်တံခါးမြို့နယ်ဒေသ
တစ်ဝိုက်ရှိ ကျေးလက်ဒေသများသို့ နွားလှည်းဖြင့်ပုတ်များ ရောင်းချခြင်းကြောင့် စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

''ကျွန်တော်တို့ဇီးကုန်းရွာမှာ လက်မှုလုပ်ငန်းဖြင့် အများဆုံး လုပ်ကိုင်ကြပါတယ်။ မိသားစု တစ်ပိုင်တစ်နိုင် ပုတ်များကို အရွယ်အစားအလိုက် ရက်လုပ်ကြပါတယ်။ ငါးဆယ်တင်းပုတ်၊ နှစ်ဆယ့်ငါးတင်း ပုတ်၊ ဆယ့်နှစ်တင်းခွဲပုတ်နဲ့ခြောက် တင်းဆန့်သော ပုတ်မျိုးစုံရက်လုပ်ကြပါတယ်။ အခုအချိန်မှာ တောင်သူတွေ စပါးတလင်းပြီးပြီမို့ ဝမ်းစာစပါး၊ မျိုးစပါး၊ ပဲမျိုးစုံနဲ့ဆန်များထည့်ဖို့အတွက် တောင်သူတွေအများဆုံး ဝယ်ယူကြပါတယ်။

ပုတ်တောင်းတွေရဲ့ ဈေးနှုန်းက အမျိုးမျိုးရှိပြီး ရောင်းဈေးမှာ စပါးငါးဆယ်တင်းပုတ်ကို ကျပ် ၈ဝဝဝ၊ စပါးနှစ်ဆယ့်ငါးတင်းပုတ်ကို ကျပ် ၅ဝဝဝ၊ ဆယ့်နှစ်တင်းခွဲပုတ်ကို သုံးထောင့်ငါးရာကျပ်နဲ့ ခြောက်တင်းပုတ်ကို နှစ်ထောင်ကျပ်ဆိုပြီး ရောင်းချပါတယ်။ ဝယ်ယူသူတွေအနေနဲ့ ဝမ်းစာစပါး၊ ဆန်၊ ပဲမထည့်မီ ပုတ်ကို နွားချေးနဲ့ရေရောနယ်ပြီး ပုတ်ကိုသုတ်လိမ်းနေပူလှန်းရပါတယ်။ ခြောက်သွားပြီးဆိုပါက ကြိုက်နှစ်သက်ရာ ဆန်စပါးကအစ ထည့်လို့ရပြီး ပိုးကိုက်ခြင်း၊ ပိုးထိုးခြင်းမရှိလို့ တောင်သူတွေ အနေနဲ့ မိရိုးဖလာသုံးပုတ်ကို အများဆုံးသုံးစွဲကြပါတယ်။

ကျွန်တော်တို့မိသားစု လှည်းပေါ်မှာ ပုတ်တွေတင်ပြီး ရွာကနေ မနက်အစောကြီးထွက်၍ နေ့ချင်းပြန် သို့မဟုတ် တစ်ညအိပ် နယ်လှည့်ရောင်းချရတာ ပျော်လည်းပျော်ပါတယ်။ မိသားစု စားဝတ်နေရေးအတွက်
လည်း တွက်ခြေကိုက်လို့ အဆင်ပြေမှုရှိပါတယ်''ဟု ဇီးကုန်းရွာမှ နယ်လှည့်ပုတ်ရောင်းချသူ ဦးမောင်ဌေးမှပြောသည်။

ခင်ကို(ကျောက်တံခါး)

No comments:

Post a Comment