နေပြည်တော် ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်
ကုလသမဂ္ဂနိုင်ငံရေးရာဌာန အကြီးအကဲ ဒုတိယအတွင်းရေးမှူးချုပ်
မစ္စတာဂျက်ဖရီဖဲလ်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၈ နာရီ
၁၅ မိနစ်တွင် နေပြည်တော်ရှိလွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌
လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ
ပြည်သူ့လွှတ်တော်နိုင်ငံသားများ၏ မူလအခွင့် အရေး၊ ဒီမိုကရေစီအရေးနှင့်
လူ့အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဌေးဦး၊နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ
ဦးလှမြင့်ဦး၊ တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့်
ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီအတွင်းရေးမှူး ဒေါ်ဒွဲဘူ၊
ပြည်ထောင်စုလွှတ်တော်ရုံးနှင့်ပြည်သူ့လွှတ်တော်ရုံးတို့မှတာဝန်ရှိသူများ
တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)
(သတင်းစဉ်)

No comments:
Post a Comment